မိန်းမရပြီးနောက်ပိုင်း လိမ္မာလာတယ်လို့ပြောတဲ့သူတွေကို မြတ်စွာဘုရားရှင်လက်ထက်က ဥပမာတစ်ခုနဲ့ ဖြေရှင်းလိုက်တဲ့ နိုင်းဝမ်း

//s9.kh1.co/2a/2afad8f4ed7525f76566f6b8163cf0f7f2ad5af7.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော် နိုင်းဝမ်းကတော့ အရမ်းချစ်ရတဲ့ ချစ်ဇနီးလေးကြောင့် အရင်ထက်ပိုပြီး လိမ္မာလာကြောင်း ပြောပြလာခဲ့ပါတယ်။ သူမတူတဲ့ အသံပါဝါနဲ့ Rapသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သူမို့ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုအသင့်အတင့်ရရှိကာ သူထွက်ရှိသမျှ သီချင်းတွေကိုလည်း ဆယ်ကျော်သက် လူငယ်ပရိသတ်တွေက အကြိုက်တွေ့ကြတာကို တွေ့ရပါတယ်။ 

Photo credit - Kyaw Zin Latt's FB account
Photo credit - Kyaw Zin Latt's FB account

ပိုမိုကောင်းမွန်တဲ့ သီချင်းအသစ်အသစ်တွေ ထွက်ရှိဖို့အတွက် ကြိုးစားနေတဲ့ နိုင်းဝမ်းက ချစ်ဇနီးလေးအပေါ်မှာလည်း ဂရုစိုက်မပြတ်ပဲ အချစ်ပိုတတ်သူပါ။ နိုင်းဝမ်းက သူရဲ့ ချစ်ဇနီးလေးနဲ့ လက်ထပ်ပြီးသည်အထိ Romantic ဆန်နေတာဖြစ်ပြီး ပရိသတ်တွေကလည်း အတော်လေး သဘောကျ အားပေးကြတာကို တွေ့ရပါတယ်။ နိုင်ဝမ်းကလည်း မကြာခဏဆိုသလို ချစ်ဇနီးလေးနဲ့အတူ ကြည်နူးစရာ ပုံလေးတွေကို တင်ပေးလေ့ရှိတာဖြစ်ပါတယ်။

Photo credit - Kyaw Zin Latt's FB account
Photo credit - Kyaw Zin Latt's FB account
Photo credit - Kyaw Zin Latt's FB account
Photo credit - Kyaw Zin Latt's FB account

ယနေ့မှာလည်း ချစ်ဇနီးလေးနဲ့နှစ်ယောက်အတူ ပုံလေးတွေကို တင်ပေးလာရင်း " မြတ်စွာဘုရားရှင်လက်ထက်ကတည်းက အမှန်တရားတစ်ခုကိုပြောပြမယ် လူဆိုးလူမိုက်တွေ လိမ္မာပြီဟေ့ဆိုရင်၊ လူလိမ္မာတွေလိုက်မမှီဘူး" ဆိုပြီး ရေးသားတင်ပေးလာတာပါ။ ချစ်ဇနီးလေးကြောင့် အရင်နဲ့မတူတော့ပဲ လိမ္မာလာရတဲ့ အကြောင်းပြောလာတဲ့ နိုင်းဝမ်းရဲ့ စာသားလေးကို ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...။

Photo credit - Kyaw Zin Latt's FB account
Photo credit - Kyaw Zin Latt's FB account

သတင်း အရင်းအမြစ်Source - Kyaw Zin Latt's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T