သူမအလုပ်က ရတဲ့ငွေတွေကို စုပြီး ခေတ်သစ်ဖောင်တေးရှင်းမှာ အလှူငွေ ငါးသိန်းကို လှူဒါန်း လိုက်ရလို့ ပျော်မဆုံးဖြစ်နေတဲ့ မထက်

//s9.kh1.co/e4/e42eaa067f3aff56ee871a3b0090ee758723e3bb.jpg
အနုပညာရှင်များ

 ၂၁-ဇန်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.......ပြည်သူချစ် နိုင်ငံကျော် မိတ်ကပ်အလှ ဖန်တီးရှင် မထက်ကိုတော့ မသိတဲ့ မရှိပါဘူးနော်......။မိန်းကလေးတွေရဲ့ အလှကို ပိုမိုပေါ်လွင်အောင် ချယ်သပေးရတဲ့ ပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။မထက်ကတော့ မိတ်ကပ် ဖန်တီးရှင် တစ်ယောက် အနေနဲ့ ရပ်တည် အောင်မြင်နေတာ ဖြစ်ပြီး သူမဝါသနာပါတဲ့ အနုပညာ အလုပ်တွေကိုလည်း တစ်ဖက်က ကြိုးစားလုပ်ကိုင်နေတာ လည်း ဖြစ်ပါတယ်။မိတ်ကပ် ပညာရှင် ဖြစ်ရုံသာမက ချောမော လှပတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဘော်ဒီလေးကိုလည်း ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။

Photo Credit-Myat Zay Ya
Photo Credit-Myat Zay Ya
Photo Credit-Myat Zay Ya
Photo Credit-Myat Zay Ya

ပရိသတ်တွေရဲ့ အားပေး ထောက်ခံမှုကို အခိုင်အမာ ရရှိထားတဲ့ သူမကတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေကို ရိုက်ကူးထားတာ ဖြစ်ပြီး လတ်တလောမှာ ဆိုရင်တော့ ကြော်ငြာတွေနဲ့ Live sale တွေကို လက်ခံရိုက်ကူးနေကာ မိတ်ကပ် ဖန်တီးရှင် အလုပ်ကိုလည်း တွဲပြီး မနားမနေ လုပ်ကိုင်နေတဲ့ အနုပညာရှင် တစ်လက်ပဲဖြစ်ပါတယ်။စကားပြော ပွင့်လင်းရိုးသားတဲ့ မထက်ကတော့ အလှူအဒါန်း တွေကိုလည်း ရက်ရောတာလည်း တွေ့ရပါတယ်နော်......။

Photo Credit -Ma Htet (Pop Soul)
Photo Credit -Ma Htet (Pop Soul)
Photo Credit -Ma Htet (Pop Soul)
Photo Credit -Ma Htet (Pop Soul)

အခုတစ်ခါမှာလည်း သူမရဲ့လူမူကွန်ယက် စာမျက်နှာ ထက်တွင် "ခေတ်နဲ့သစ်ရဲ့ မေမေTreza ကိုပြင်ပေးရင်း ‌ခေတ်သစ် ဖောင်ဒေးရှင်းမှာ အလှူငွေ 5သိန်း လှူဖြစ်တယ်...ဒီငွေက အရင်လက live sale တွေရောင်း အပြင်အလုပ်တွေကရတဲ့ ဝင်ငွေထဲက ဖယ်ထားပြီးလှူဖြစ်တာပါ.... အလုပ်ခေါ်ကြတဲ့ သူတွေရဲ့အလှူတခုလိုပါဘဲ... ပိုက်ဆံတွေများများပေါရင် အလှူအများကြီး လုပ်ချင်ပါသေးတယ်♥️?"ဆိုတဲ့ စာသားလေးနဲ့ အတူ ပုံရိပ်လေးတွေကို ပရိသတ်တွေ သာဓုခေါ်နိုင်အောင် မျှဝေပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း မထက်ကို ဆက်ပြီး ချစ်ခင်အားပေးကြဖို့ အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်......။

Photo Credit- Hlaing Banyar
Photo Credit- Hlaing Banyar
Photo Credit-Myat Zay Ya
Photo Credit-Myat Zay Ya

သတင်း အရင်းအမြစ်Ma Htet (pop soul) FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T