ဟော့ပေါ့ အိုးပူကြီးကို အရှေ့မှာထားပြီး ဟန်ဆောင်မှုမပါပဲ ပရိသတ်တွေ သွားရည်ယိုသွားရလောက်အောင် မြိန်ရေရှက်ရေ စားပြနေတဲ့ မြတ်သူသူ

//s9.kh1.co/28/2847b8dc53d87d39737a3f27da2bb87971c93741.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

တက်သစ်စ မင်းသမီးချောလေး မြတ်သူသူကတော့ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်။ သူမဟာ တက်သစ်စမင်းသမီးဖြစ်ပေမဲ့ ဘယ်လိုဇာတ်ကောင်တွေပဲ ဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့သူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်။

Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page

မြတ်သူသူက ပါးဖောင်းဖောင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေအပြင် လုံးကြီးပေါက်လှကိုယ်လုံးလေးပိုင်ဆိုင်ထားကာ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာလည်း မြတ်သူသူက ဆံပင်ပုံစံအသစ်လေးနဲ့ ဆယ်ကျော်သက်လေးလို ချောမောနေတာ တွေ့ရပါတယ်။ ယခုမှာလည်း မြတ်သူသူ က ပရိသတ်တွေ သွားရည်ကျမတတ် ဖြစ်သွားရလောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page
Photo Credit - Myat Thu Thu fb page

ဒီဗီဒီယိုလေးထဲမှာတော့ မြတ်သူသူက ဟော့ပေါ့ အိုးကြီးကို စာပွဲပေါ်မှာတင်ပြီး ဟန်ဆောင်မှုမပါပဲ အားရပါးရ စားပြနေတာ ဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးနဲ့လည်း မြတ်သူသူက " နေမကောင်းရင် ပူပူစပ်စပ်စားပေးရတယ်လို့ ပြောကြတာပဲ"ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ပရိသတ်တွေလည်း မင်းသမီးချောလေး မြတ်သူသူရဲ့ ဒီဗီဒီယိုလေးကို သဘောကျချစ်ခင်မယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်Video Credit & Source - Myat Thu Thu fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T