ရှုတင်နားတုန်းလေးမှာ ချစ်စရာအမူအရာလေးတွေနဲ့အတူ တင်းရင်းကျစ်လျစ်နေတဲ့ကိုယ်လုံးလေးကို လှုပ်ခါပြီးကနေတဲ့ နေခြည်ဦးရဲ့ဗီဒီယိုလေး

//s9.kh1.co/08/0854d19b7a03c8209da236ccd403505807ad7a21.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ....သွက်လက်တဲ့အမူအရာလေးတွေနဲ့ အများနဲ့မတူတဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ပရိသတ်တွေရင်ထဲမှာ နေရာတစ်နေရာရရှိလာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ social influencerတစ်ယောက်အနေနဲ့ပါရပ်တည်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင်နေခြည်ဟာ မင်းသမီးတစ်ယောက်အနေနဲ့လည်းအနုပညာလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေထိပါ ‌ရိုက်ကူးလာနိုင်တဲ့သူဆိုလည်းမမှားပါဘူးနော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

အခုဆိုရင်လည်းနေခြည်ဦးဟာ ပြင်ဦးလွင်မှာချစ်ပန်းဝါဝါဆိုတဲ့ ဇာတ်လမ်းတွဲကို မင်းသားချောမြင့်မြတ်နဲ့အတူ တွဲဖက်ရိုက်ကူးနေတာဖြစ်ပါတယ်။ ချီချီတစ်ယောက် ပြင်ဦးလွင်မှာရှုတင်အတွက် ကြိုးစားပြင်ဆင်နေရင်း အားလပ်ချိန်လေးတွေမှာ‌ဆိုရင်လည်း Tik Tokဗီဒီယိုလေးတွေနဲ့ ရိုက်ကွင်းကလှုပ်ရှားမှုဗီဒီယိုလေးကိုတင်ပေးလေ့ရှိပါတယ်.....။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

အခုဆိုရင်လည်း နေခြည်ဟာရှုတင်အားတုန်းလေးမှာ လတ်တလောလူငယ်တွေကြားမှာရေပန်းစားနေတဲ့သီချင်းလေးကို ချစ်စရာအမူအရာလေးတွေအပြည့်နဲ့ကပြထားပြီး သူမရဲ့ Tik Tok accလေးမှာတင်ပေးလာတာကိုလည်း တွေ့ရပါတယ်။ ချီချီတစ်ယောက်ကတော့ ကတဲ့နေရာမှာလည်း ပြောစရာကိုမလိုအောင်တော်တာပါနော်။ ကဲ....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

သတင်း အရင်းအမြစ်Nay Chi Oo's Tik Tok acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T