ပညာရေးမှာ ထူးချွန်ကြပြီး Student of the MonthAwardဆုကိုရရှိခဲ့တဲ့ သမီးလေး၂ယောက်အတွက် ဝမ်းသာဂုဏ်ယူနေတဲ့ နိုင်းနိုင်းရဲ့ဇနီးသည်

//s9.kh1.co/d8/d8b23ef09dc64e4d9f129226ce7d38e501f68448.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပညာရေးမှာ ထူးချွန်ကြပြီး Student of the MonthAwardဆုကိုရရှိခဲ့တဲ့ သမီးလေး၂ယောက်အတွက် ဝမ်းသာဂုဏ်ယူနေတဲ့ နိုင်းနိုင်းရဲ့ဇနီးသည်

မင်းသားချောနိုင်းနိုင်းကတော့ ယောကျာ်းပီသတဲ့ အမိုက်စားBodyကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တိုင်းကို အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေတာကြောင့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ နိုင်းနိုင်းကတော့ နိုင်ငံခြားမှာနေထိုင်လျက်ရှိနေတဲ့ သားသမီးတွေနဲ့ဇနီးသည်ဆီကို မကြာခဏသွားလည်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး ယခုမှာတော့အနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်ဖို့မြန်မာနိုင်ငံမှာနေထိုင်လျက်ရှိနေတာပဲဖြစ်ပါတယ်။

Photo Credit: Actor 99 ' s Facebook Page 
Photo Credit: Actor 99 ' s Facebook Page 
Photo Credit: Actor 99 ' s Facebook Page 
Photo Credit: Actor 99 ' s Facebook Page 

ကြည်နူးစရာကောင်းလွန်းပြီး ပျော်ရွှင်စရာ​ကောင်းတဲ့မိသားစုကမ္ဘာလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ နိုင်းနိုင်းကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး၃ယောက်နဲ့ သားလေး၁ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ နိုင်းနိုင်းတို့ မိသားစုလေးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ပြည်သူချစ်အနုပညာရှင်မိသားစုလေးဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်ကို တင်ပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။

Photo Credit: Sandy Cho ' s Facebook Acc 
Photo Credit: Sandy Cho ' s Facebook Acc 
Photo Credit: Actor 99 ' s Facebook Page 
Photo Credit: Actor 99 ' s Facebook Page 

ယခုမှာတော့ နိုင်းနိုင်းရဲ့ဇနီးသည်ဖြစ်သူစန္ဒီချိုတစ်ယောက်ဟာ Student of the Month Awardဆုကိုရရှိခဲ့တဲ့ သမီးလေး၂ယောက်အတွက် ဝမ်းသာဂုဏ်ယူပြီး ပျော်ရွှင်နေခဲ့ပါတယ်။စန္ဒီချိုကတော့ " A proud mommy right here Both my munchkins received the Student of the Month Award "ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောနိုင်းနိုင်းသမီးလေးရဲ့ ဆုတံဆိပ်ရရှိခဲ့လို့ ပျော်ရွှင်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Sandy Cho ' s Facebook Acc

Photo Credit: Sandy Cho ' s Facebook Acc 
Photo Credit: Sandy Cho ' s Facebook Acc 
Photo Credit: Sandy Cho ' s Facebook Acc 
Photo Credit: Sandy Cho ' s Facebook Acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T