ဖုန်းမီးဖွင့်ကာ မီနူးမှာနေရင်း စားချင်စိတ်ဖြစ်နေတဲ့ သူကို ဗီဒီရိုက်မှန်းသိသွားလို့ ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ ပိုင်တံခွန်

//s9.kh1.co/43/4302853b7a3e9006106facb03043d8c58f224eb1.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိ လူမှုကွန်ယက် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ နာမည်ကျော်ကြား လူကြိုက်များတဲ့ မော်ဒယ်လ် ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံမှာသာမကပဲ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေအထိ အောင်မြင်မှုတွေကို တစ်ခဲနက်ရရှိထားတာပါ။ ပိုင်တံခွန်က ရှည်လျားပြီး ကြည့်ကောင်းတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားတဲ့အပြင် နိုင်ငံခြားသားတစ်ယောက်လို ခန့်ညားတဲ့ ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားအောင်မြင်တာ ဖြစ်ပါတယ်။ 

Photo credit - Paing Takhon 's FB account

ဖြူစင်မွန်မြတ်တဲ့ စိတ်ထားနဲ့ အလှူအတန်းရက်ရောတဲ့ သဒ္ဒါတရားကြောင့် လူကြီး လူငယ်မရွေး ပရိသတ်တွေကလည်း ဝန်းရံကြတာဖြစ်ပါတယ်။ ပိုင်တံခွန်က လူမှုဆက်ဆံရေးအပိုင်းမှာလည်း ကောင်းမွန်ပြေပြစ်တာဖြစ်ပြီး အလုပ်အပေါ်မှာလည်း အာရုံစိုက်ကာ ကြိုးကြိုးစားစားလုပ်ကိုင်ကြတာကြောင့် ယခုလို အောင်မြင်မှုတွေကို များစွာရရှိနေတာပါ။ အားလပ်တဲ့အချိန်တွေမှာလည်း လွတ်လပ်ပျော်ရွှင်စွာ နေထိုင်တတ်တဲ့ ပိုင်တံခွန်တစ်​ယောက် ယနေ့မှာတော့ ဆေးထိုးခံလိုက်ရတာပဲ ဖြစ်ပါတယ်။

Photo credit - Paing Takhon 's FB account
Photo credit - Paing Takhon 's FB account
Photo credit - Paing Takhon 's FB account
Photo credit - Paing Takhon 's FB account
Photo credit - Paing Takhon 's FB account
Photo credit - Paing Takhon 's FB account

ဒါကတော့ ပိုင်တံခွန်က ညဘက်အချိန်ကြီးမှာ ဗိုက်ဆာတာကြောင့် ဖုန်းမီးလေးဖွင့်ပြီး မီနူးမှာနေခဲ့တာပါ။ မီနူးမှာနေရင်း လျှာလေးထုတ်ကာ သရေကျနေခဲ့တဲ့ သူ့ကို ဗီဒီယိုရိုက်နေမှန်းသိလို့ ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ခေါင်းလေး ငုံ့ကာ ဆက်မှာနေခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ ပုံစံလေးက ပရိသတ်တွေကို အချစ်ပိုစေတာဖြစ်လို့ အဆိုပါ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Photo credit - Paing Takhon 's FB account
Photo credit - Paing Takhon 's FB account
Photo credit - Paing Takhon 's FB account
Photo credit - Paing Takhon 's FB account
Photo credit - Paing Takhon 's FB account
Photo credit - Paing Takhon 's FB account
Photo credit - Paing Takhon 's FB account
Photo credit - Paing Takhon 's FB account

သတင်း အရင်းအမြစ်Source - Paing Takhon 's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T