သားလေးကိုမီးဖွားဖို့ တစ်လပဲလိုတော့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကာသားလေးအတွက်အကောင်းဆုံးပြင်ဆင်နေတဲ့ မိုးယုစံ

//s9.kh1.co/c8/c8afa769420e7645b1fd1685aa7072756bea7b45.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ......သာယာချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခုကို တည်ထောင်ထားပြီး ချစ်စရာရင်သွေးလေးတွေပါရရှိနေကြတဲ့ အနုပညာရှင်ဆယ်လီများထဲတွင် မိုးယုစံလည်းအပါအ၀င်ဖြစ်ပါတယ်နော်။ မိုးယုဟာ အနုပညာလောကမှာနှစ်ပေါင်းအတော်ကြာရပ်တည်ခဲ့တဲ့သူလည်းဖြစ်တာကြောင့် သူမရဲ့အနုပညာအရည်အချင်းဟာလည်း ပရိသတ်တွေအားပေးလက်ခံကြရတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်......။

Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc

မိုးယုစံဟာ ချစ်စရာကောင်းတဲ့သားလေး ကောင်းသိင်္ခမိုးသူကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး သားလေးဟာလည်း အရွယ်နဲ့မလိုက်အောင်ကို စကားလေးတွေတီတီတာတာပြောတတ်နေကာ ချစ်စရာကောင်းတဲ့ကလေးငယ်လေးဖြစ်ပါတယ်နော်။ အခုဆိုရင်လည်းမိုးယုဟာ ဒုတိယမြောက်ရင်သွေးလေးကိုမွေးဖွားခါနီးနေပြီဖြစ်ပြီး ကိုယ်၀န်လရင့်လာတာနဲ့အမျှ အလှတွေလည်းပိုတိုးနေတာဖြစ်ပါတယ်.....။

Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc

မိုးယုဟာ ကိုယ်၀န်လရင့်လာပြီဖြစ်ပြီး သားလေးကိုမွေးဖွားဖို့ တစ်လပဲလိုတော့ဝာာလည်းဖြစ်ပါတယ်နော်။ မီးဖွားခါနီးဖြစ်နေပြီဖြစ်တဲ့အတွက် မေမေမိုးယုတစ်ယောက်စိတ်လှုပ်ရှားနေကာ သားလေးအတွက်လည်းအကောင်းဆုံးပြင်ဆင်နေတာဖြစ်ပြီးတော့ မကြာသေးမီကလည်း သူမရဲ့ Facebook my dayလေးမှာ "တစ်လအလို အခုထဲက ရင်ခုန်နေပါပြီ....." ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc
Photo credit-Moe Yu San's Facebook acc

သတင်း အရင်းအမြစ်Moe Yu San's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T