သူငယ်ချင်းတွေနဲ့အတူ အပီအပြင်ဒွန့်ကာ ကြည့်မိသူတိုင်း အူတက်အောင် ရယ်ရမယ့် ပိုးကြာဖြူခင်ရဲ့ အခွီ ဗီဒီယို

//s9.kh1.co/9b/9b57222a23e07f84ffc76329af478b1d99c5c91f.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ဆိုင်းမိုင် ဆိုတဲ့ ဇာတ်ရုပ်ကနေ သိမ်းကြုံး ယူသွားတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲဖြစ်ပါတယ်။ MRTV -4 ဇာတ်လမ်းတွဲတွေကို လက်ခံရိုက်ကူးခဲ့ရာမှ အနုပညာလောက ထဲစတင်ရောက်ရှိလာပြီး ပရိသတ်တွေ အားပေးထောက်ခံမှု ရရှိကာ ယခုအချိန်မှာ နေရာ တစ်ခုထိရောက်ရှိအောင်မြင်နေပြီ ပဲဖြစ်ပါတယ်။ ဇာတ်ရုပ်တိုင်းလိုလို ပီပီပြင်ပြင် သရုပ်ဆောင်ကာ ပရိသတ်တွေ ရင်ထဲရောက်အောင် အရောက်ပို နိုင်တာ ကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှု ရရှိခဲ့တာ ဆိုရင်လည်း မမှား ပါဘူး။

Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page

ခန္ဓာကိုယ်က လည်း ကျစ်လစ်သေးသွယ်နေပြီး မျက်နှာ အမူအရာကလည်း ချစ်ဖို့ကောင်း ကာ အပြုံးလေးတွေက စွဲဆောင်မှု ရရှိနေတာကြောင့် ပုရိသ ယောက်ျားလေးတွေ ရဲ့ သည်းသည်းလှုပ်ဝန်းရံ တာကို ခံနေရတာ ပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ သရုပ်ဆောင် မင်းသမီး အလုပ်ကို သာ မက အသံချိုချို သာသာ လေးနဲ့ လည်း အဆွေးသီချင်းတွေကို အလွမ်းဓာတ်ခံပါပါ သီဆိုနေတာ ပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း Live sale လုပ်နေကာ ပရိသတ်တွေ နဲ့ တရင်းတနှီး ရှိနေတာပဲဖြစ်ပါတယ်။ မကြာမကြာ မှာလည်း ဟာသ TikTok ဗီဒီယိုလေးကို ချပြကာ ပရိသတ်တွေကို ရယ်မောစေတာ ပဲဖြစ်ပါတယ်။ 

Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page

ယခုအခါမှာလည်း သူမရဲ့ ဟာသ TikTok ဗီဒီယိုလေးကို ချပြလာတာပဲဖြစ်ပါတယ်။ ကြည့်မိသူတိုင်း အူတက်အောင် ရယ်ရမယ့် ဗီဒီယိုလေးပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေ နဲ့ အတူ အကကွက်စမ်းတွေကို သီချင်းနဲ့လိုက်အောင် အပီပြင်ဒွန့်နေကြတာ ပဲဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးထဲမှာ ဆိုင်းမိုင် တစ်ယောက် သူငယ်ချင်းနဲ့ ဟန်ချက်လွဲပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်ကာ အူတက်နေတာ ပဲဖြစ်ပါတယ်။ ကနေတဲ့ သူအားလုံးကလည်း ဟန်ချက်မပျက် ကနေကာ ရယ်မောနေကြတာ ကြောင့် မြင်သူတိုင်း အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။ ကဲ…ပရိသတ်တွေကလည်း ပိုးကြာဖြူခင်ရဲ့ သူငယ်ချင်းတွေ နဲ့ အတူတူ ဆော့ကစားထားတဲ့ အခွီ TikTok ဗီဒီယိုလေးကို ကြည့်ပြီး ဘဝအမောတွေဖြေ ဖျောက်လိုက်ကြပါဦးနော်….။ 

Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page

သတင်း အရင်းအမြစ်

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T