ထောင်သားတစ်ယောက်အနေနဲ့ အပြင်လောကထက် ပိုဇိမ်ကြပြီး နေရတာစိတ်ချမ်းသာစေမယ့် ကမ္ဘာတစ်၀န်းက အကျဉ်းထောင်များ

//s9.kh1.co/87/87641aaa5a31d5f03c422b8b3ac4e934945e6d7f.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာရှိနေတဲ့ ထောင်တွေထဲမှာမှ ထူးထူးဆန်းဆန်း စည်းကမ်းတွေနဲ့ ထောင်သားတွေကို အုပ်ချုပ်တဲ့ အကျဉ်းထောင်တွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လိုတောင် ထူးထူးဆန်းဆန်း စည်းကမ်းတွေလဲဆိုတာကတော့ အောက်မှာ တစ်ခုချင်းစီဖော်ပြပေးထားပါတယ်နော်။

https://s9.kh1.co/__image/w=600,h=399,q=100/8e/8eb3e525e86fb0339f41cb0b9bcf68a95cba05bc.jpg

ယူဂန္ဒာနိုင်ငံ

အာဖရိကတိုက်ထဲမှာ ပါဝင်တဲ့ ယူဂန္ဒာနိုင်ငံမှာတော့ သူတို့ရဲ့ အကျဉ်းသားတွေကို ထောင်ကလွတ်တာနဲ့ အတတ်ပညာတစ်ခုခုတ်မြောက်အောင် ထောင်တွင်းထံဲမှာက ပညာရပ်တစ်ခုခုကို သင်ပေးကြပါတယ်။ ဒါ့အပြင် ထောင်သားတွေကို မကောင်းမှုတွေကိုစွန့်လွှတ်ပြီး ငြိမ်းချမ်းတဲ့လူတစ်ယောက်အဖြစ်နေထိုင်ဖို့ အခွင့်အရေးတွေလည်း ပေးပါသေးတယ်။

https://s9.kh1.co/__image/w=600,h=698,q=100/37/37c8f21db478087bb36dc6bc41c780d3b2085ec8.jpg

စပိန်နိုင်ငံ

https://s9.kh1.co/__image/w=600,h=338,q=100/27/270b0e6fd78bb586487cc999ba1af99fcb7ec117.jpg

စပိန်နိုင်ငံမှာရှိတဲ့ Aranjuez Prison အကျဉ်းထောင်ဟာ လူသားအဆန်ဆုံးထောင်တစ်ခုဖြစ်ပါတယ်။ အကျဉ်းသားတွေအနေနဲ့ သားသမီးတွေနဲ့ အကျဉ်းထောင်ထဲမှာ အတူနေခွင့်ရှိပါတယ်။ ကလေး (၃)နှစ်ပြည့်တဲ့အချိန်ထိ အတူနေခွင့်ရှိတဲ့အပြင် ကလေးတွေ ဆော့ကစားဖို့ ကစားကွင်းတောင် သီးသန့်ဆောက်ပေးထားပါသေးတယ်။ အခန်းတိုင်းကိုလည်း သန့်ရှင်းသပ်ရပ်အောင် ထောက်ပံ့ပေးထားရုံမက ကလေးသူငယ်တွေအတွက် Mickey Mouse ရုပ်တွေ၊ Disney ရုပ်တွေတောင် ထည့်သွင်းပေးထားပါသေးတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/0f/0f8116c5eba155419280a8eb2032d2a69751a4ac.jpg

စကော့တလန်

https://s9.kh1.co/__image/w=600,h=400,q=100/37/3784c4dd9be0d5c740b6541a3b57f281bd319c68.jpg

စကော့တလန်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ HMP Addiewell အကျဉ်းထောင်မှာတော့ Sodexo Justice Services ကုမ္ပဏီက ထိန်းသိမ်းစောင့်ရှောက်ပါတယ်။ အကျဉ်းသားတွေကို ပြင်ပလောကမှာလိုပဲ လေ့လာသင်ယူဖို့ တစ်ပတ်မှာ နာရီ ၄ဝ အချိန်ပေးထားပါတယ်။ ပညာရပ်ပိုင်းတွေ သင်ယူလေ့လာရုံမကဘဲ လူ့အခွင့်အရေးအပြည့်အဝပေးထားလို့ ထောင်သားတိုင်းကလည်း အကျဉ်းထောင်ကို လွမ်းဆွတ်သတိရနေကြပါသတဲ့။

https://s9.kh1.co/__image/w=600,h=318,q=100/25/2580651e21debefd0c1fc8747fd796ddd71f997e.jpg

နော်ဝေး

https://s9.kh1.co/__image/w=600,h=338,q=100/53/535f5dee89bec4c1a057dfdd59fa8f74bc942354.jpg

နော်ဝေးနိုင်ငံ အော်စလိုဂျော့အလယ်ပိုင်း ဘတ်စ်တွိုင်းကျွန်းပေါ်မှာရှိတဲ့ Bastoy Prison ထောင်ဟာ အကျဉ်းသားပေါင်း တစ်ရာကျော်ကို ထိန်းသိမ်းထားပြီး ထောင်သားတွေဟာ ကိုယ်ပိုင်သစ်လုံးအိမ်တွေမှာ လွတ်လွတ်လပ်လပ်နေနိုင်သလို အစောင့်တွေကလည်း လက်နက်ကိုင်ဆောင်ထားတာမျိုး မရှိပါဘူး။ အားလပ်တဲ့အချိန်မှာ ထောင်သားတွေဟာ တင်းနစ်ရိုက်တာ၊ မြင်းစီးတာ၊ ငါးမျှားတာတွေအပြင် Gym ကစားလို့လည်း ရပါသေးတယ်။ Bastoy ထောင်ကိုတော့ ကမ္ဘာ့အလွတ်လပ်ဆုံး၊ လူသားအဆန်ဆုံး၊ အငြိမ်းချမ်းဆုံးထောင်လို့ သတ်မှတ်ထားပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/f3/f3152a710c6978dc1e3606acee2caadf8f65f519.jpg

သတင်း အရင်းအမြစ်Did you know

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T