နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သမီးကြီးလေးက သူမရဲ့ပထမဆုံးရင်ခုန်သံဖြစ်လို့ အဝေးကနေဂရုစိုက်ပြီး မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နှင်းသောင်းရဲ့မေမေ

//s9.kh1.co/37/37a98c256914bdc96683ed8ff2e1c82772eefea8.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သမီးကြီးလေးက သူမရဲ့ပထမဆုံးရင်ခုန်သံဖြစ်လို့ အဝေးကနေဂရုစိုက်ပြီး မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နှင်းသောင်းရဲ့မေမေ

ပရိသတ်ကြီးရေ နှင်းဝတ်ရည်သောင်းကတော့ တစ်ခေတ်တစ်ခါမှာဆိုရင် အလှမယ်တစ်ယောက်အဖြစ်လည်း သရဖူတွေရရှိခဲ့ပြီး ဇာတ်ကားတွေမှာလည်းပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။နှင်းသောင်းက အရပ်မြင့်မြင့်၊ခန္ဓာကိုယ်လှလှနဲ့ ရုပ်ရည်ကလည်းပြည့်စုံတာကြောင့် တစ်ချိန်တုန်က အရမ်းရေပန်းစားခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ နှင်းသောင်းက အနုပညာအလုပ်တွေနဲ့ဝေးကွာနေပြီး စီးပွားရေးကိုသာ တစိုက်မက်မက်လုပ်ကိုင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Phyu Phyu Soe's Facebook Account

နှင်းသောင်းက သမီးအကြီးဆုံးဖြစ်လို့ ညီမလေးအေးသောင်းနဲ့ဆွိသောင်းကိုလည်း အစ်မကြီးအမိရာပီပီ ဂရုစိုက်ပေးပါတယ်နော်။နှင်းသောင်းတို့ညီအစ်မသုံးယောက်လုံးကတော့ မိဘနှစ်ပါးကိုလည်း စိတ်ချမ်းသာပျော်ရွှင်အောင် ပြုစုစောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင်တော့ နှင်းသောင်းရဲ့မွေးနေ့လေးဖြစ်လို့ မိသားစုဝင်တွေနဲ့ သူငယ်ချင်း၊မိတ်ဆွေတွေက သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မွေးနေ့ဆုတောင်‌စကားလေး ရေးပေးထားကြတာဖြစ်ပါတယ်နော်။ 

Photo Credit:Phyu Phyu Soe's Facebook Account
Photo Credit:Phyu Phyu Soe's Facebook Account
Photo Credit:Phyu Phyu Soe's Facebook Account
Photo Credit:Phyu Phyu Soe's Facebook Account

နှင်းသောင်းရဲ့မေမေကလည်း"ကျွန်မဘဝရဲ့ ပထမဆုံးရင်ခုန်သံ ကောင်းကင်ကဘုရားသခင်ဖန်ဆင်းခြင်းဖြင့် ​လင်းလက်တဲ့ကြယ်တစ်ပွင့် တောက်ပတဲ့အလင်းနဲ့အတူ ကျန်းမာတဲ့ ကမ္ဘာ​မြေ​ပေါ်အသက်ရှည် ရွှေရောင်နေ့သစ်များပိုက်ရင်း ရောင်စုံလိပ်ပြာလေးလိုအ​တောင်မ​​ညောင်းဘဲ လေပေါ်ပျံဝဲ ​အောင်မြင်ခြင်းများနဲ့ ယဥ်တွဲနိုင်ပါစေ.....အမေ"ဆိုပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့လေး ရေးပေးထားတာဖြစ်ပါတယ်။နှင်းသောင်းရဲ့မေမေကတော့ နိုင်ငံခြားမှာရောက်နေတဲ့သမီးလေးကို အဝေးကနေလှမ်းဂရုစိုက်ပြီး အမြဲသတိရနေတာဖြစ်ပါတယ်နော်။ 

Photo Credit:Phyu Phyu Soe's Facebook Account
Photo Credit:Phyu Phyu Soe's Facebook Account
Photo Credit:Phyu Phyu Soe's Facebook Account
Photo Credit:Phyu Phyu Soe's Facebook Account
Photo Credit:Phyu Phyu Soe's Facebook Account
Photo Credit:Phyu Phyu Soe's Facebook Account

Source&Photo Credit:Phyu Phyu Soe's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T