"သီချင်းထဲမှာ Mood အပြည့်ထည့်ပြီး ရင်ထဲမှာ ရှိတဲ့ ခံစားချက်တွေကို ဖွင့်ဟပြလိုက်တဲ့ ဥက္ကာမင်းမောင်ရဲ့ ဗီဒီယို "

//s9.kh1.co/83/832ee01ca65fe86614ab6b97f31e5886e54fb5b7.jpg
အနုပညာရှင်များ

 ၂၂-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ အားလုံးသိကြတဲ့ အတိုင်း အိမ်ထောင်ပြုတာနဲ့ ပတ်သတ်ပြီး အနုပညာလောကကို ဂယက်ထအောင် လုပ်ခဲ့တဲ့ ပရိသတ်အချစ်တော် ဥက္ကာမင်းမောင် ပဲဖြစ်ပါတယ်။ မော်ဒယ်လ် တစ်ယောက်အဖြစ် ပြည်တွင်း ပွဲတွေက နေ ဆုပေါင်း များစွာရရှိခဲ့ပြီး နိုင်ငံ ကိုယ်စားပြု အနေနဲ့ ပါ ပြည်ပထိ တက်ရောက်ခဲ့တဲ့ ဥက္ကာမင်းမောင် တစ်ယောက်ဟာ ပြည်ပပွဲတွေ မှာလည်း ဆု တံဆိပ်တွေ ရရှိခဲ့ပြီး နိုင်ငံ ဂုဏ်ဆောင် တစ်ဦးဖြစ်ခဲ့တာ ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဥက္ကာမင်းမောင် တစ်ယောက်ဟာ LGBT တစ်ဦး ဖြစ်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပြီး နိုင်ငံခြားက လိင်တူ ချစ်သူနဲ့ အတူနေထိုင်ကာဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာ ပဲဖြစ်ပါတယ်။

Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page

ဥက္ကာမင်းမောင်ကတော့ မကြာသေးမီ အချိန်ကလည်း သဘောထား မတိုက်ဆိုင်မှုတွေကြောင့် သူရဲ့ လိင်တူ ချစ်သူနဲ့ လမ်းခွဲခဲ့ ကြပြီး ယခုချိန်မှာ တစ်ယောက်တည်း ပျော်ပျော်နေကာ အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကတော့ ပြောစရာ မလိုလောက်အောင် ကျစ်လစ်တောင့်တင်းနေပြီး ရုပ်ကလည်း ဖြောင့် စတိုင်စမက် ကျတာကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိထားတာ ဆိုရင်လည်း မမှားပါဘူး။ လတ်တလောမှာ သူရဲ့ အချစ်ဆုံးခွေးလေးတွေ နဲ့ အတူ ရိုက်ထားတဲ့ ပုံလေးတွေကို တင်ကာ တစ်နေ့တာ လေးတွေကို ချပြနေတာပဲဖြစ်ပါတယ်။

Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page

ယခုအခါမှာတော့ သူရဲ့ ခံစားချက်တွေ နဲ့ တိုင်ဆိုင်တဲ့ သီချင်းလေးကို ကိုယ်တိုင် cover ဆိုပြီး ချပြလာတာ ပဲဖြစ်ပါတယ်။ Moodအပြည့်နဲ့ သီချင်းထဲမှာ စီးမျောပြီး ခံစားချက်တွေထုတ်ပြလာတာကို ကိုယ်တိုင် ဗီဒီယိုလေး ရိုက်ပြီး “Rewrite the Stars သီချင်းလေး လက်ရှိခံစားချက်နဲ့ တိုက်ဆိုင်လို့ ဘာရယ်မဟုတ် ဆိုကြည့်ထားတာ” ဆိုတဲ့ ခေါင်းစဉ်လေးတပ်ကာ ဖော်ပြလာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးထဲမှာ ဥက္ကာမင်းမောင် တစ်ယောက် အရမ်းကို ဖီးလ်နေတာ ပဲဖြစ်ပါတယ်။ ကဲ….ပရိသတ်ကြီး တို့ကလည်း ဥက္ကာမင်းမောင် ဆက်လျှောက်မယ့် အနုပညာ လမ်းကို ဆက်လက်အားပေး ဝန်းရံ လိုက်ကြပါဦးနော်…..။

Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page
Photo Crd - Okkar Min Maung Facebook Page

သတင်း အရင်းအမြစ်Okkar Min Maung Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T