ပရိသတ်ကြီးရေ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမလေးဖြစ်တဲ့ အဆိုတော် G ကို အားလုံးသိကြမယ်လို့ထင်မိပါတယ်။ အဆိုတော်မလေး G ဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီးအဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ The Voice Myanmar မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ G က ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အကောင်းမွန်ဆုံး ရပ်တည်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင်တော့ G ဟာ မိဘတွေက ငွေကြေးချမ်းသာကြွယ်ဝပေမဲ့လည်း ကိုဗစ်ကာလလေးမှာ လူမှုရေးအကျိုးပြုတဲ့ ပရဟိတအလုပ်တွေကို နေ့မနားညမနားလုပ်ကိုင်ပေးတဲ့ အပြင် သူမရရှိတဲ့ အနုပညာငွေကြေးထဲကနေ အလှူအတန်းတွေကို ရက်ရက်ရောရောလှူဒါန်းပေးတဲ့ လေးစားစရာ စိတ်ထားလေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ယခုမှာတော့ G က ကြည့်မိသူတိုင်း ကြည်နူးစေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးကတော့ G ရဲ့ တစ်နေ့တာ အလှူလေးတွေကို ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ ကြည်နူးစရာမှတ်တမ်းတင် ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း G က "ညီမ နှင့် Penguin Milk Powder နို့မှုန့် တို့ ပူးပေါင်းပြီးဇန်နဝါရီလ (၁၄) ရက်နေ့တွင် မှန်ကင်း ပရဟိတကျောင်း (၁) အတွက် ဆန်၊ ဆီ နှင့် နို့မှုန့် တို့ကို လှူဒါန်းခဲ့ပါတယ် " ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ပရိသတ်တွေလည်း မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ အဆိုတော်မလေး G ကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်...။
သတင်း အရင်းအမြစ်៖ VideoCredit & Source - G vocals fb page