(၃)နှစ်နီးပါးလောက်ဝေးကွာခဲ့တဲ့ သားဖနှစ်ယောက်ကို ပြန်လည်ဆုံစည်းအောင် လုပ်ပေးနိုင်ခဲ့လို့ ဝမ်းသာကြည်နူးနေတဲ့ ဒိန်းဒေါင်ရဲ့ ဗီဒီယို

//s9.kh1.co/7c/7cabff95099da09e267ae63c864847bdd1a23e25.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ဟာသလူရွှင်တော် ညီအစ်ကိုတွေစုပေါင်းဖွဲ့စည်းထားတဲ့ ချွန်တွန်း(ပရဟိတ) အဖွဲ့ဟာ လက်ရှိကပ်ရောဂါအချိန်ကာလလေးမှာလိုအပ်နေတဲ့ သူတွေကို အလှူရှင်တွေနဲ့စုပေါင်းပြီး အလှူလေးတွေ လှူဒါန်းပေးနေတာကို တွေ့ရပါတယ်။ ချွန်တွန်း(ပရဟိတ)အဖွဲ့ထဲမှာတော့ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ ကောင်းကျော် ၊ ငြိမ်းချမ်း ၊ ဒိန်းဒေါင် ၊ အုန်းသီး ၊ ချက်ကြီး ၊ ပိုးလေး ၊ အိုကေ တို့အပြင်အခြားသော ဟာသလူရွှင်တော်တွေလည်း ပါဝင်ဖွဲ့စည်းတာဖြစ်ပါတယ်။

Photo Credit - Dain Daung fb account
Photo Credit - Dain Daung fb account
Photo Credit - Dain Daung fb account
Photo Credit - Dain Daung fb account

ချွန်တွန်း အသင်းကိုတော့ ဟာသသရုပ်ဆောင် ဒိန်းဒေါင် က ဦးဆောင်ပြီး လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ သူတို့ အဖွဲ့လေးကတော့ စားဝတ်နေရေး လိုအပ်နေတဲ့သူတွေအပြင် အမှန်တကယ်အခက်အခဲတွေ့နေတဲ့ ရပ်နီးရပ်ဝေးကမကျန်အောင် နေ့မနားညမနားပဲ ကူညီပံ့ပိုးပေးနေတဲ့ လေးစားစရာအသင်းပဲ ဖြစ်ပါတယ်။ ဒိန်းဒေါင် က သူတို့အသင်းရဲ့ လုပ်ဆောင်မှုတွေကိုအမြဲဖော်ပြပေးပြီး ယခုမှာလည်း ပရိသတ်တွေကြည်နူးစေမယ့် live ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Dain Daung fb account
Photo Credit - Dain Daung fb account
Photo Credit - Dain Daung fb account
Photo Credit - Dain Daung fb account

ဒီကြည်နူးစရာလေးကတော့ (၃)နှစ်နီးပါးလောက် ဝေးကွာသွားခဲ့တဲ့ သားဖနှစ်ယောက်အတွက် ပျော်ရွှင်စရာနေ့လေးကို လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ကြည့်မိသူတိုင်း ထပ်တူဝမ်းသာပီတိဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ပရိသတ်ကြီးရေ ချွန်တွန်း ပါရဟိတအဖွဲ့လေးကို ဒီထက်မက လူမှုရေးအကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်နိုင်အောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်..။

သတင်း အရင်းအမြစ်VideoCredit & Source - Dain Daung fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T