သစ်မှောင်ခိုလုပ်ငန်းများအကြောင်း သတင်းရေးသားသည့် The Voice နယ်သင်းထောက် အသက်အန္တရာယ်ခြိမ်းခြောက်ခံခဲ့ရ

အောက်တိုဘာ ၅ ရက်နေ့ထုတ် The Voice သတင်းစာတွင် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အကြား မိုးမိတ် ကျောက်ဖြူ ကျေးရွာအရှေ့ဘက် သစ်ရာပင်နွဲ့စခန်းတွင် သစ်မှောင်ခိုအများအပြားရှိနေပြီး နေရာအနှ့ံသို့ တင်ပို့လျက်ရှိကြောင်းကို ဒေသခံများ၏ ပြောကြားချက်များကို ကိုးကား၍ ဦးတင်ဇော်ဦးက သတင်းရေးသားခဲ့သည်။ ထိုသတင်းရေးသားပြီးနောက်တစ်ရက် အောက်တိုဘာ ၆ ရက်နေ့ညနေခင်းတွင် အသက်န္တရာယ်ခြိမ်းခြောက်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။

ခြိမ်းခြောက်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သတ်၍ သတင်းထောက်ကိုတင်ဇော်ဦးက " တင်ဇော်ဦးဆိုတာ မင်းလား အရမ်းနာမည်ကြီးနေလို့ ငါတို့တောထဲကနေ တကူးတကလာတာလို့ပြောပြီး ကျွန်တော့်အိမ်ကို ရောက်လာတယ်။ သူတို့အိမ်ထဲကို ဝင်မလာခင်အချိန်မှာ ကျွန်တော့် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ အလားအလားတွေရှိတယ်ဆိုပြီး ဒုမြို့နယ်မှူ းကို ဖုန်းဆက်တော့ သူကစခန်းမှူ းကိုပဲ ဖုန်းဆက်လိုက်ပါဆိုပြီး ပြန်ပြောတယ်။ အဲဒီအချိန်မှာ သူတို့က ကျွန်တော့်အိမ်ထဲကို ဝုန်းခနဲဝင်လာပြီး ကျွန်တော့်ကို သူတိုနဲ့လိုက်ခဲ့ဖို့ခေါ်တယ်။ သူတို့ရှေ့မှာ ဖုန်းထက်ဆက်ဖို့အဆင်မပြေတာတဲ့ ကျွန်တော်ကသတင်းရေးနေလို့ ခဏစောင့်ပါဦးဆိုပြီးပြောလိုက်တော့ အိမ်ကလက်ဘက်ရည်ဆိုင်မှာ ထိုင်စောင့်နေကြတယ်။ အဲဒီအချိန်မှာ ဌာနဆိုင်ရာ အရာရှိတစ်ဦးက ဆိုင်ထဲကိုဝင်လာနဲ့ ခဏထိုင်ပေးပါဦး။ ကျွန်တော် ဒီလိုဒီလိုကြုံနေရပါတာ်ဆိုပြီး အကူအညီတောင်းတော့ သူက ဆက်ထိုင်ပေးတယ်။ အဲ့ဒါကြောင့် ကျွန်တော်အသက်အန္တရာယ် မကြုံ လိုက်ရတာပါ။ ပြီးတော့ Facebook ကနေရန်ကုန်နဲ့ မန္တလေးရုံးကသူတွေကို ကျွန်တော်တော့ ဒီလိုကြုံနေရပြီ။ သပိတ်ကျင်းရဲစခန်းကို ဖုန်းဆက်အကူအညီတောင်းပေးပါဦးဆိုတာနဲ့ ရုံးကလူတွေကလည်း ရဲစခန်းကို အကြိမ်ကြိမ်ဖုန်းဆက်ပြီး ပြောပေမယ့် ဘယ်သူမှ ပေါ်မလာဘူး။ သူတို့တွေပြန်သွားပြီးမှ အရပ်ဝတ်နဲ့နယ်ထိန်းနှစ်ယောက် ကျွန်တော့်ဆီကိုရောက်လာပြီး ဖြစ်စဉ်တွေ ရေးယူသွားကြတယ်။ ကျွန်တော့်ဆီကို ရဲတွေလာဖို့ ဘာကြောင့်ကြန့်ကြာနေတာလဲဆိုတာတော့ အများကြီး သုံးသပ်စရာပေါ့။ ၂၀၀၄ ခုနှစ်ကလည်း ဆိုင်ကယ်ကယ်ရီသမားတစ်ယောက် အသက်ခံရတယ်။ အခုထိ တရားခံဖမ်းမမိသေးဘူး။ ၂၀၀၇ ခုနှစ်မှာလည်း ချောင်းကြီးကျေးရွာမှာ အသတ်ခံရတယ်။ ဒါတွေက အငြို းအတေးနဲ့ အသတ်ခံရတဲ့ ကိစ္စတွေပါ။ ဒါတွေကမဖြစ်သင့်ပါဘူး။ ဒါတွေမဖြစ်အောင် တာဝန်ရှိသူတွေက ထိထိရောက်ရောက် လုပ်ကိုင်သင့်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစု အသက်န္တရာယ်လုံခြုံရေးအတွက် လတ်တလောတော့ အိမ်မပြန်ရဲသေးဘူး" ဟု အသေးစိတ်ပြောပြခဲ့ပါသည်။

ဦးတင်ဇော်ဦး ခြိမ်းခြောက်ခံရမှုဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ဌာနအသီးသီးမှ အရေးယူမရှိသည့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုတစ်ခု အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

Source: Local Daily News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။