ဂျာမနီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G20 အစည်းအဝေးအတွင်း အမေရိကန်သမ္မတထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ (၂)ကြိမ်တိုင်တွေ့ဆုံခဲ့ကြတယ်လို့ အိမ်ဖြူတော်က ဝန်ခံ ပြောကြားလိုက်ကြောင်း Newsweek မှာဖော်ပြထားပါတယ်။

နှစ်နိုင်ငံသမ္မတတွေရဲ့ ပထမအကြိမ် တရားဝင်တွေ့ဆုံမှုအပြီး နာရီအနည်းငယ်အကြာမှာ ထပ်မံတွေ့ဆုံခဲ့ကြတာပါ။တွေ့ဆုံမှုကိုအိမ်ဖြူတော်က တရားဝင် ထုတ်ပြန်ခဲ့ပေမယ့်ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။ 

လက်တလောထွက်ပေါ်နေတဲ့ သတင်းတွေအရအမေရိကန်မီဒီယာတွေမှာတော့ ရုရှားသမ္မတပူတင်နဲ့ လျှို့ဝှက်ညစာစားခဲ့တယ်ဆိုပေမယ့် အဆိုုပါသတင်းက သတင်းအမှားတွေသာ ဖြစ်ကြောင်း သမ္မတထရမ့်ကတွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။

Aung 

သတင်းအရင်းမြစ် Newsweek

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။