မင်းသားချောနေထက်လင်းကတော့ ဖိုက်တင်တွေလည်းအရမ်းကျွမ်းလို့ သဘာဝမင်သားကြီးတစ်လက်အဖြစ် ပရိသတ်ရင်ထဲမှာနေရာယူထားတာဖြစ်ပါတယ်နော်။နေထက်လင်းက လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ချစ်ဇနီးချောလေးနဲ့လည်း စားသောက်ဖွယ်ရာလေးတွေကိုချက်ပြုတ်ရောင်းချနေတာဖြစ်ပါတယ်။နေထက်လင်းက သားနှစ်ယောက်ရဲ့ဖခင်ဖြစ်ပြီး မိသားစုဘဝလေးကို ပျော်ရွှင်စွာတည်ဆောက်ထားတာဖြစ်ပါတယ်နော်။

နေထက်လင်းရဲ့ချစ်ဇနီးကလည်း ပျော်ပျော်နေတတ်ပြီး မိသားစုအပေါ်မှာလည်း တာဝန်ကျေပွန်တဲ့အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။စုဒါလီကလည်း ဟိုးအရင်တုန်းက အနုပညာအလုပ်တွေလုပ်ဆောင်ခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။နေထက်လင်းနဲ့စုဒါလီတို့ဇနီးမောင်နှံနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ချစ်ကြပြီး ရိုးမြေကျပေါင်းသင်းနေထိုင်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ နေထက်လင်းက လှမျိုးသဉ္ဇာနွယ်ရဲ့ ပိုးထည်တိုက်မှာ Live Salesသွားလွှင့်တာဖြစ်ပါတယ်နော်။

နေထက်လင်းကတော့"ရွေပိုးဧကရီတိုက်ပုံ မနေ့ညက ကျွန်တော်တို့မောင်နှမ၂ယောက် တပျော်တပါး Live Saleရောင်းရတာအရမ်းကို ကျေနပ်မိသလို ချစ်ပရိသတ်နဲ့လည်း Fb Live Saleတွင် အတူတကွ ပျော်ခဲ့ရပါတယ်။ ပြည်တွင်းပြည်ပက ဝယ်ယူအားပေးသော သူတိုင်းကိုကျေးဇူးအထူးတင်ပါတယ်"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။နေထက်လင်းနဲ့လှမျိုးသဉ္ဇာနွယ်တို့အနုပညာမောင်နှမနှစ်ယောက်ကတော့ Liveမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကနေကြတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။