ဆော်ဒီနိုင်ငံရဲ့ သမိုင်းဝင် ရှေးဟောင်း နေရာတစ်နေရာမှာ မျက်နှာကို မဖုံးအုပ်ဘဲ စကတ်အတို အကျင်္ီလက်ပြတ်နဲ့ အမျိုးသမီးတစ်ဦး ဗီဒီယို ရိုက်ကူးခဲ့တယ်လို့ BBC News မှာဖော်ပြထားပါတယ်။

အဆိုပါဗီဒီယိုရိုက်ကူးမှုအတွက်အမျိုးသမီးကိုသက်ဆိုင်ရာရဲတပ်ဖွဲ့ကလက်ရှိမှာခေါ်ယူစစ်ဆေးမေးမြန်းမှုတွေဆောင်ရွက်လျက်ရှိကြောင်းနိုင်ငံပိုင်ရုပ်သံမှာဖော်ပြထားပါတယ်။မကြာသေးခင်ကအထက်ပါဗီဒီယိုဟာလူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပြီးနောက်ဝေဖန်မှုတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ 

ဗီဒီယိုဖိုင်ကိုတော့မော်ဒယ်ခူလုဒ် ဆိုတဲ့ အကောင့်က Snapchat ဆိုရှယ်မီဒီယာပေါ် စတင်ခဲ့တာဖြစ်ပြီး ဗီဒီယိုထဲမှာတော့ အူရှေကီရာ ဆိုတဲ့ ရှေးဟောင်းကျေးရွာက လူသူကင်းမဲ့နေတဲ့လမ်းပေါ် အမျိုးသမီးတစ်ယောက် လမ်းလျှောက်နေတာကို ရိုက်ပြထားတာဖြစ်ပါတယ်။

Aung 

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။