ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲမှာ စွဲစွဲမြဲမြဲနေရာယူခဲ့သူလေးကတော့ မင်းသားချော အောင်မင်းခန့်ပဲ ဖြစ်ပါတယ် ။ အောင်မင်းခန့်က ယောက်ျားပီသတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပျိုမေတွေကြွေလောက်တဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် သရုပ်ဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေလည်းပြည့်ဝတဲ့ အောင်မင်းခန့်က ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရပြီပဲ ဖြစ်ပါတယ် ။

အောင်မင်းခန့်က တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာပေမယ့်လည်း မာန်မာကင်းပြီး ပရိသတ်တွေအပေါ်မှာ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်တာ ဖြစ်ပါတယ် ။ အောင်မင်းခန့်အနေနဲ့ လက်ရှိမှာတော့ Double Dating ဆိုတဲ့ အစီအစဥ်တစ်ခုကို ရိုက်ကူးနေတာ ဖြစ်ပါတယ် ။ အောင်မင်းခန့်က ပျော်ပျော်နေတတ်ပြီး အရွှန်းဖောက်တတ်တာကြောင့် အခုလည်း ပရိသတ်တွေကို စနောက်ကျီစယ်လိုက်တာ ဖြစ်ပါတယ် ။ အောင်မင်းခန့်က နေတိုးနဲ့ပုံလေးကိုပါ မျှဝေထားတာပဲ ဖြစ်ပါတယ် ။

အောင်မင်းခန့်က "ကျွန်တော်နဲ့ ကိုနေတိုးနဲ့တူတဲ့ အချက်လေးကဘာဖြစ်မလဲ First comment မှာ ကြည့်နော် " ဆိုပြီး သူတို့နှစ်ယောက်ရဲ့ပုံလေးကို တင်လိုက်တာ ဖြစ်ပါတယ် ။ Comment မှာတော့ အောင်မင်းခန့်က ကိုနေတိုးနဲ့ သူနဲ့တူတဲ့အချက်က ပုဆိုးပါဆိုပြီး ပရိသတ်တွေကို ရုပ်တည်ကြီးနဲ့ စနောက်လိုက်တာပဲ ဖြစ်ပါတယ် ။ အောင်မင်းခန့်က အနုပညာမောင်နှမတွေအားလုံးနဲ့ ခင်ခင်မင်မင်နေတတ်တာကြောင့် နေတိုးနဲ့လည်း ညီအစ်ကိုတွေလို ရင်းနှီးနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်မင်းခန့်နဲ့ နေတိုးတို့ရဲ့ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။