အာဖဂန်ဒုသမ္မတရဲ့ လေယာဉ်က အာဖဂန်နစ္စတန်နိုင်ငံမှာ ဆင်းသက်ခွင့် ငြင်းဆိုခံလိုက်ရတယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။ အဆိုပါလေယာဉ်ကတူရကီနိုင်ငံကနေပျံသန်းထွက်ခွာလာတာဖြစ်ပြီးအာဖဂန်နစ္စတန်နိုင်ငံအရောက်မှာတော ့အခုလိုမျိုးလေယာဉ်ဆင်းသက်ခွင့် ပယ်ချခံရမှုဖြစ်စဉ် ပေါ်ပေါက်လားခဲ့တာပါ။

လေယာဉ်ဆင်းသက်ခွင့်ပိတ်ပင်မှုကိုဘယ်သူလုပ်ဆောင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ သမ္မတ အာရှက်ဂါနီရဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ကတော့ ဒုသမ္မတက အာဖဂန်အာဏာပိုင်တွေနဲ့ ဆွေးနွေးညိုနှိုင်းခဲ့ခြင်းမရှိဘဲ နိုင်ငံအတွင်း ပြန်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တာကြောင့် အခုလိုဖြစ်နိုင်ခြေရှိတယ်လို့သံသယဖြစ်မိကြောင်း သတင်းမှာဖော်ပြထားပါတယ်။ 

တူရကီနိုင်ငံကနေ ပြန်ရောက်လာတဲ့ ဒုသမ္မတ ဒိုစတမ်ကို ကြိုဆိုဖို့ တနင်္လာနေ့ညက လူ(၁၀၀၀)ကျော်ဟာ မာဇာ အီ ရှရစ်လေဆိပ်မှာ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒုသမ္မတရဲ့ လေယာဉ်ဟာ တာ့ခ်မင်နစ္စတန်နိုင်ငံအရောက်မှာ အာဖဂန်နိုင်ငံကို လေယာဉ်ဆင်းသက်ခွင့် ငြင်းပယ်ခံလိုက်ရတာကြောင့် လမ်းကြောင်းလွှဲသွားခဲ့ပါတယ်။

Aung

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။