မွန်မြတ်တဲ့အလှူဒါနတွေကို သရုပ်ဆောင် မင်းသားကြီး နေထက်လင်းတို့ သားအဖနဲ့အတူ ဒီကနေ့​လေးမှာ ပြုလုပ်ခဲ့တဲ့ ရတနာမိုင်

//s9.kh1.co/d7/d7590a68d82dc5a8f26a89040c14b534a9ce7c38.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်မလေး ရတနာမိုင်က ဒီကနေ့မှာတော့ သရုပ်ဆောင် မင်းသားကြီး နေထက်လင်းတို့ သားအဖနဲ့အတူ မွန်မြတ်တဲ့အလှူဒါနတွေကို ပြုလုပ်ခဲ့ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှုအသင့်အတင့်ရရှိကာ ပရိသတ်အားပေးချစ်ခင်မှုကိုလည်း ရရှိထားတဲ့ ရတနာမိုင်ဟာဆိုရင် သီချင်းအသစ်တွေထွက်ရှိဖို့ကြိုးစားနေတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာဖြစ်ပါတယ်။ 

Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account

ချိုသာတဲ့ အသံလေးတွေကို ပိုင်ဆိုင်ထားတဲ့ ရတနာမိုင်ဟာဆိုရင် ရုပ်ရည်လေးကလည်း ကလေးလေးလို အပြစ်ကင်းပြီး ချစ်ဖို့ကောင်းတာဖြစ်ပါတယ်။ ပြစ်ချက်မရှိလှရက်လွန်းတဲ့ သူမဟာ စိတ်ထားလေးကလည်း ဖြူစင်မွန်မြတ်တာဖြစ်လို့ အလှူအတန်းတွေကို လက်မနှေးပဲ လှူလေ့ရှိသူပါ။ ယနေ့မှာလည်း ရတနာမိုင်က မွန်မြတ်တဲ့ အလှူဒါနကြီးတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account

ဒါကတော့ ရတနာမိုင်က " အလိုတော်ပြည့်ဆရာတော်ကြီးအားဦးထိပ်ထားလျှက်- ဘုန်းဘုန်းဦးဇင်းBlue ရဲ့ တပည့်များဖြစ်ကြတဲ့ ကိုကြီးနေထက်လင်းတို့သားအဖနဲ့အတူ မိုင်လေးတို့က တာမွေကလေးရပ်ကွက်ရှိ အနှေးယာဉ်ဆရာများ(၅၀)ဦးအတွက် ဆန်၊ဆီး၊အားလူး၊ကြက်သွန်း၊ကုလာပဲ၊ စားကုန်များကို ဒီကနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ် နတ်လူသာဓုခေါ်ပါစေသော်ဝ် " ဆိုပြီး လူမှုကွန်ယက် ထက်မှာ ရေးသားလာခဲ့တာပါ။ အလှူပြုတဲ့ ပုံလေးတွေကိုလည်း တင်ပေးလာတာဖြစ်လို့ ပရိသတ်တွေကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။

Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account
Photo credit - Yadanar My's FB account

သတင်း အရင်းအမြစ်Source - Yadanar My's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T