အပ်မှိုကင်ပေးနေတဲ့ မောင်လေးသျှင်းမြတ်ရဲ့ဘေးမှာ နားပူနားဆာလုပ်ပြီး ချွဲနေခဲ့တဲ့ မေမြင့်မိုရ်

//s9.kh1.co/ac/ac96cda676c577bb461f24f3fce6b3e5752ec916.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ MRTV-4ရဲ့ မင်းသမီးချောလေးဖြစ်တဲ့ မေမြင့်မိုရ်ကတော့ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေရရှိကာ ပရိသတ်အချစ်ကိုလည်း တစ်ခဲနက်ရရှိထားတာပါ။ အနုပညာလမ်းကြောင်းထက်မှာ နေရာတစ်ခုကို အခိုင်အမာရရှိနေပြီဖြစ်တဲ့ မေမြင့်မိုရ်က သူမရဲ့ မောင်လေးကိုလည်း ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးစေတာဖြစ်ပြီး လိုအပ်တာတွေကိုလည်း ကူညီပံ့ပိုးပေးတာကို တွေ့ရပါတယ်။ 

Photo credit - May Myint Mo's Facebook Account
Photo credit - May Myint Mo's Facebook Account

သူတို့ မောင်နှမနှစ်ယောက်က အသက်အရွယ်ကွာပေမယ့်လည်း ရုပ်ချင်းဆင်တူတာကြောင့် အမွှာလို့တောင် ထင်ရတာဖြစ်ပါတယ်။ အရမ်းလည်း ချစ်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ကြတဲ့ မေမြင့်မိုရ်နဲ့ သျှင်းမြတ်တို့ မောင်နှမနှစ်ယောက်က ပရိသတ်တွေကို အချစ်ပိုစေတာလည်းဖြစ်ပါတယ်။ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေထံ ဝေမျှလေ့ရှိတဲ့ မေမြင့်မိုရ်တစ်ယောက် ယနေ့မှာလည်း ပိုစ့်တစ်ခု ဝေမျှလာပြန်ပါတယ်။ 

Photo credit - May Myint Mo's Facebook Account
Photo credit - May Myint Mo's Facebook Account
Photo credit - May Myint Mo's Facebook Account
Photo credit - May Myint Mo's Facebook Account

ဒါကတော့ သူမရဲ့ တစ်ဦးတည်းသော မောင်လေး သျှင်းမြတ်နဲ့အတူ စားသောက်ဖွယ်ရာတွေကို ပြင်ဆင်ရင်း ပျော်ရွှင်နေခဲ့ပါတယ်။ မိသားစုတွေအတူ စားသောက်ကြဖို့အတွက် အသေအချာ အပ်မှိုကင်ပေးနေတဲ့ မောင်လေးနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ပျော်ရွှင်စရာကောင်းတဲ့ မောင်နှမနှစ်ယောက် ရဲ့ ပုံလေးတွေက ကြည့်မိသူတွေကို အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - May Myint Mo's Facebook Account
Photo credit - May Myint Mo's Facebook Account
Photo credit - May Myint Mo's Facebook Account
Photo credit - May Myint Mo's Facebook Account

သတင်း အရင်းအမြစ်Source - May Myint Mo's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T