ဒီတစ်ခေါက်မှာတော့ စိုင်းစိုင်းခမ်းလှိုင် သီဆိုတဲ့ Music ဗီဒီယိုလေးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲ ရောက်ရှိခဲ့တဲ့ မင်းသမီးချောလေး ပိုးမမှီသာပဲ ဖြစ်ပါတယ်။ သူမကတော့ ဆရာဝန် တစ်ဦးဖြစ်ပြီး အနုပညာ အလုပ်တွေ လည်း လုပ်ဆောင်နေကာ ယခုချိန်မှာတော့ နေရာ တစ်ခုထိ ရောက်ရှိအောင်မြင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံ ရိုက်ကူးနေကာ ပရိသတ်တွေ အားပေးထောက်ခံမှုကို အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။


ခန္ဓာကိုယ်ကလည်း ကျစ်လစ်သွယ်လျပြီး အချိုးအစား ညီမျှနေတာကြောင့် ပုရိသတွေ အကြား ရေပန်းစားကာ အောင်မြင်နေတဲ့ သူလေးလည်း ဖြစ်ပါတယ်။ စကားပြောဆို ဟန်ကလည်းချစ်စရာကောင်းပြီး ဟန်ဆောင်မှု ကင်းတဲ့ အပြုံးတွေကြောင့် ပရိသတ်တွေ အားပေးထောက်ခံ နေကြတာ ဆို ရင်လည်း မမှားပါဘူး။ ယခုအခါမှာတော့ အထာကျကျ ပို့စ်ပေးကာ ရိုက်ကူးထားတဲ့ ပုံလေးတွေ ကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ချပြလာတာပဲ ဖြစ်ပါတယ်။


မြင်နေကျပုံစံ မဟုတ်ပဲ ပိုးမမှီသာ တစ်ယောက် အထာကျကျ မိမိုက်နေတာပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေထဲမှာ ပိုးမမှီသာ ဟာ စွဲဆောင်မှု ရှိတဲ့အပြုံး ညို့အားပြင်းတဲ့ အကြည့်တွေ ကြောင့် ပရိသတ်တွေ ရင်ခုန်စေမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ရုပ်ရည်ကလည်း ချောမောလှပနေပြီး နိုင်ငံခြား သူလေးလို ချစ်ဖို့ကောင်းနေကာ ခပ်ဆိုးဆိုး ကောင်းမလေးဟန် ပုံလေးတွေနဲ့အတူ "ဘက်စုံထူးချွန် လူဇိုးမ အမှတ်တရ ....
Thanks for 2M views .."ဆိုတဲ့ ခေါင်းစဥ်လေး တပ်ပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည် မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်.....။


သတင်းအရင်းမြစ်: Poe Mamhe Thar Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။