Page အတုတွေရဲ့ ကူးယူဖော်ပြခြင်းကြောင့် ရိုင်းပြစွာ ပြုမူလာတဲ့ သူတွေကို သည်းခံမနေပဲ တရားဥပဒေအရ ဖြေရှင်းမည်လို့ ပြောလိုက်တဲ့ ပိုးကြာဖြူခင်

//s9.kh1.co/90/906cccddd953b6f797875e78781e188027176ae3.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၁ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ MRTV - 4မင်းသမီးချောလေး ပိုးကြာဖြူခင်က Page အတုတွေက ကူးယူဖော်ပြခြင်းတွေကြောင့် အဆဲခံနေရတာနဲ့ ပတ်သတ်ပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်။"အစကတည်းကပြောပြီးပါပြီ ထပ်ပြောပါမယ် လွှင့်ပြီးသား live တွေကို ပြန်တင်ပြီး လိမ်စားနေတဲ့ page အတုတွေ အများကြီးရှိပါတယ် ။အဲ့ page တွေရဲ့ နာမည်ကို သေချာကြည့်ကြပါ ကျမရဲ့ official page မဟုတ်ရင် ဝင်မမန့်ကြပါနဲ့ မန့်ကြလို့ မဲပေါက်ပါတယ် ဘာညာ ထင်ကြရင်လဲ လွှင့်တဲ့ page အတုမှာပဲ သွားတောင်းကြပါ ကျမကို လာလာမတောင်းကြပါနဲ့ ဒီနေ့ဆို မိန်းကလေးတစ်ယောက် တော်တော်ဆိုးပါတယ် သားအမိ ၂ ယောက်လုံးကိုပါ page cb မှာ လက်ဆောင်မရလို့ဆိုပြီး လာဆဲသွားပါတယ် ကျမ page admin က သေချာရှင်းပြပါတယ် လက်မခံပဲ ထပ်ဆဲပါတယ်။"

Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page

"ကျမ ပရိသတ်တွေကို တန်ဖိုးထားပါတယ် လေးလည်းလေးစားပါတယ် အဲ့တာကြောင့်လဲ ကိုယ့်ပိုက်ဆံအကုန်ခံပြီး လက်ဆောင်တွေ ပေးပါတယ် အဖြေမှန်တဲ့သူတွေအားလုံးကိုလဲ အိမ်တိုင်ရာရောက် လက်ဆောင်ပို့ပေးပြီးပါပြီ ပို့တုန်းကလဲ ပို့တဲ့ လမ်းခရီး အစဆုံးကို live လွှင့်ပေးခဲ့ပါတယ် ချင့်ချိန်ပြီး ကြည့်ပါ မျက်စိနဲ့ လွှင့်နေတဲ့ page နာမည်ကို သေချာကြည့်ပါ ကိုယ်တိုင် သေချာမကြည့် လူလိမ်တွေ ပတ်သမျှ ခံ ဝင်ရေးပြီး လိုချင်တာ ရချင်မှ ကျမဆီ လာလာမတောင်းကြပါနဲ့ ကျမနဲ့ ဘာမှ မသတ်ဆိုင်ပါ....."ဆိုပြီး ဖွင့်ဟလာတာပဲ ဖြစ်ပါတယ်။

Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page

ဆက်လက်ပြီး"နောက်နောင် page cb မှာ ဖြစ်ဖြစ် ကျမ ပုံများအောက်တွင် ဖြစ်ဖြစ် page အတုများတွင် ကူးယူဖော်ပြခံရသော ကျမတို့ သားအမိ live များနှင့်ပတ်သတ်ပြီး မကျေမနပ်ဖြစ်ပြီး ရိုင်းပြ စွာ လာပြောလာရေး လာမန့်သည်များကို သည်းခံအားနာနေမည် မဟုတ်ပဲ တရားဥပဒေအရ သာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ် ရှင့် ...." ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သားမိနှစ်ယောက်လုံးတဲ့ ပတ်သတ်ပြီး ရိုင်းပြစွာ ဆက်ဆံလာတဲ့ သူတွေကို တရားဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်.....။

Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page
Photo Crd - Poe Kyar Phyu Khin Facebook Page

သတင်း အရင်းအမြစ်Poe Kyar Phyu Khin Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T