ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ သူမရဲ့ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အသည်းကျော်လေးအဖြစ် ရပ်တည်လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်နော်..။

မေလို့ အားလုံးက ချစ်စနိုးခေါ်ကြသလို MRTV-4 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရင်ထဲတိုးဝင်နေရာယူထားတဲ့ ပြည်သူ့အသည်းကျော်မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ တကယ်ကို ဆွဲဆောင်မှုရှိရှိနဲ့ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်နော်..။

Photo Credit - May Myint Mo's IG Acc
Photo Credit - May Myint Mo's IG Acc
Photo Credit - May Myint Mo's IG Acc

မေလေးကတော့ ရိုးရှင်းအေးချမ်းတဲ့မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်လွန်းလှသလို အမိုက်စားဖက်ရှင်လေးတွေနဲ့လည်း ညို့အားပြင်းပြင်းမိမိုက်တတ်သူလေးဖြစ်ကာ သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဝေမျှတတ်သူလေးလည်း ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း အားလုံးရဲ့အချစ်တော်လေး မေမြင့်မိုရ်ဟာ ရှုတင်အားလပ်ရက်လေးမှာ မိသားစုကိုအချိန်ပေးကာ ပျော်စရာလေးတွေဖန်တီးဖြစ်သလို ခမ်းနားကျယ်ဝန်းပြီး နေချင်စရာကောင်းလွန်းတဲ့ သူမရဲ့အိမ်လေးကို ထုတ်ပြလာပါတယ်နော်..။

Photo Credit - May Myint Mo's IG Acc
Photo Credit - May Myint Mo's IG Acc
Photo Credit - May Myint Mo's IG Acc

ဗီဒီယိုဖိုင်လေးထဲမှာတော့ အစားအသောက်တွေလုပ်သားနေသလို အိမ်နဲ့ခြံအပြင်ဘက်လေးကို မေက ဗီဒီယိုလေးရိုက်ကာ ဝေမျှထားတာဖြစ်ပြီး အားကစားလုပ်နေတဲ့ပုံရိပ်လေးအပြင် ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။

ကဲ.. ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ ပရိသတ်အသည်းကျော်လေး မေမြင့်မိုရ်ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ဝေမျှပေးလိုက်တာမို့ ပရိသတ်တွေအားလုံးလည်း သဘောကျနှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - May Myint Mo's IG Acc
Photo Credit - May Myint Mo's IG Acc

သတင်းအရင်းမြစ်: May Myint Mo's IG Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။