အိမ်ထောင်ကျပြီးပြီးချင်း သမီးကြီး စိုးမြတ်သူဇာကို ကိုယ်ဝန်လွယ်ခဲ့ရကြောင်း ပြောပြလာတဲ့ မိခင် စိုးကြည်ဖြူ

//s9.kh1.co/bb/bbf176d9153c3ee573ec17879a3682d0b665a6ce.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ မကြီးစိုးလို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး စီနီယာတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီများရှင် စိုးမြတ်သူဇာကတော့ ပရိသတ်တွေရဲ့ အချစ်ကို တစ်ခဲနက်ရရှိထားသူပါ။ စိုးမြတ်သူဇာက ဗီဒီယိုခေတ်မှ စလို့ ယနေ့ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်အောင် ပါဝင်ရိုက်ကူးနေရတာဖြစ်ပြီး ကာရိုက်တာပေါင်းစုံကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူဖြစ်လို့ အောင်မြင်မှုတွေကိုလည်း များစွာရရှိထားတာဖြစ်ပါတယ်။

Photo credit - Soe Kyi Phyu's Fb Account

မကြီးစိုးက ချောမော ခန့်ညားတဲ့ ရုပ်ရည်နဲ့ တောင့်တင်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားတာဖြစ်လို့ ဘယ်လိုဖက်ရှင်တွေပဲ ဝတ်ဝတ်လိုက်ဖက်ညီပြီး လှပတာ ပရိသတ်တွေအသိပဲ ဖြစ်ပါတယ်။ စိုးမြတ်သူဇာက လက်ရှိမှာ အနုပညာလှုပ်ရှားမှု အနေနဲ့ ငပလီကို ရောက်ရှိနေတာဖြစ်ပြီး သူငယ်ချင်းဟိုတယ်အတွက် Photo shooting တွေ ရိုက်ကူးရေးပြုလုပ်နေခဲ့တာပါ။ Shooting ကို သူမရဲ့ မိခင်ကိုလည်း ခေါ်သွားခဲ့ပါသေးတယ်။ 

Photo credit - Soe Kyi Phyu's Fb Account
Photo credit - Soe Kyi Phyu's Fb Account
Photo credit - Soe Kyi Phyu's Fb Account
Photo credit - Soe Kyi Phyu's Fb Account
Photo credit - Soe Kyi Phyu's Fb Account
Photo credit - Soe Kyi Phyu's Fb Account

မိခင်ကလည်း သမီးကြီးရိုက်ကူးရေးလုပ်နေတဲ့ ပုံလေးကို တင်ပေးလာရင်း လူမှုကွန်ယက်ထက်မှာ အခုလိုရေးသားလာခဲ့ပါတယ်။ ဒါကတော့ " ကိုယ်တို့အိမ်ထောင်ကျတာနဲ့ ချက်ချင်း မေမေတို့ဆီရောက်လာတဲ့သမီးကြီး လာခြင်းကောင်းသောသမီးကြီး သမီးသူငယ်ချင်းမလေး၏ငပလီဟိုတယ် တစ်ခုအတွက် ဓါတ်ပုံရိုက်ပေးနေစဉ် မိုက်တယ်နော် " ဆိုပြီး ရေးသားလာတာပါ။ လာခြင်းကောင်းတဲ့ သမီးကြီးအတွက် ဂုဏ်ယူရင်း ရေးသားထားတဲ့ စာသားလေးနဲ့ ပုံလေးတွေကို ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - Soe Kyi Phyu's Fb Account
Photo credit - Soe Kyi Phyu's Fb Account
Photo credit - Soe Kyi Phyu's Fb Account
Photo credit - Soe Kyi Phyu's Fb Account
Photo credit - Soe Kyi Phyu's Fb Account
Photo credit - Soe Kyi Phyu's Fb Account

သတင်း အရင်းအမြစ်Source - Soe Kyi Phyu's Fb Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T