ရုပ်တည်ကြီးနဲ့ ဆိုနေတဲ့ သူရဲ့ သီချင်းကို သားလေးကလည်း လိုက်ဆိုနိုင်လို့ အူတက်နေရတဲ့ တင်မောင်ဆန်းမင်းဝင်းရဲ့ အခွီဗီဒီယို

//s9.kh1.co/14/1409a010ecba42408933c8bc40d6d11a99cea3b4.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်ရဲ့ မျိုးဆက်ဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်းကတော့ ဇာတ်သဘင်လောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားမှုတွေကို တစ်ခဲနက်ရရှိထားတဲ့ သူတစ်​ယောက်ပါ။ အကပိုင်းမှာ ထူးချွန်သူဖြစ်ပြီး ဇာတ်သဘင်အဖွဲ့ကို ဦးစီးလုပ်ကိုင်နေသူဖြစ်လို့ ပရိသတ်တွေကလည်း အချစ်ပိုတာဖြစ်ပါတယ်။ ကိုဗစ်ကာလမှာတောင် ဇာတ်ပွဲချစ်တဲ့ ပရိသတ်တွေအတွက် မာလာမြိုင်ဇာတ်သဘင်ကြီးကို အဖွဲ့သားတွေနဲ့အတူ ကြိုးစားကပြလေ့ရှိတာဖြစ်ပါတယ်။ 

Photo credit - San Min's Facebook Account 
Photo credit - San Min's Facebook Account 

သူရဲ့ ဇာတ်ပွဲမှာ လက်ရှိအောင်မြင်နေကြတဲ့ မင်းသား မင်းသမီးတွေနဲ့ အဆိုတော်တွေကိုဖိတ်ခေါ်ကပြလေ့ရှိတာဖြစ်ပြီး တစ်ခါတရံ သူရဲ့ သားလေး ရွှေလရောင်တင်ကိုလည်း ပွဲထုတ် ကပြလေ့ရှိတာဖြစ်ပါတယ်။ ရွှေလရောင်က အရွယ်နဲ့မလိုက်အောင် အနုပညာသွေးအပြည့်ပါတာဖြစ်ပြီး ပွဲစည်အောင်လည်း လုပ်တတ်သူဖြစ်လို့ ပရိသတ်တွေက ချစ်ကြပါတယ်နော်။ သားလေးနဲ့အတူလည်း တင်မောင်ဆန်းမင်းဝင်းက လူမှုကွန်ယက်ထက်မှာ လှုပ်ရှားမှုလေးတွေကို ဝေမျှလေ့ရှိတာဖြစ်ပါတယ်။ 

Photo credit - San Min's Facebook Account 
Photo credit - San Min's Facebook Account 
Photo credit - San Min's Facebook Account 
Photo credit - San Min's Facebook Account 

ဇာတ်ပွဲနားတဲ့ ရက်တွေမှာ သားလေးနဲ့အတူ TIKTOK ဆော့ကစားလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ရိုက်ကူးလာခဲ့ပါတယ်။ ဒါကတော့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ရေပန်းစားနေတဲ့ "ချူပါပီ မှုညမ်းငြို" ဆိုတဲ့ စာသားလေးကို သီချင်းလုပ်ပြီး ဆော့ကစားထား​တာပါ။ ကြည့်မိသူတိုင်း ရယ်မောစေလောက်တဲ့ တင်မောင်ဆန်းမင်းဝင်းတို့ သားအဖနှစ်ယောက်ရဲ့ အဆိုပါ ဗီဒီယိုလေးကို ပရိသတ်တွေထံ ဝေမျှပေးလိုက်ပါရစေနော်.....။ 

Photo credit - San Min's Facebook Account 
Photo credit - San Min's Facebook Account 
Photo credit - San Min's Facebook Account 
Photo credit - San Min's Facebook Account 

သတင်း အရင်းအမြစ်Source - San Min's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T