ပရိသတ်ကြီးရေ မင်းသမီးချောလေး ယုသန္တာတင်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှု အတိုင်းအတာတစ်ခုအထိ ရရှိထားခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ပိုင်ဆိုင်ထားတာကြောင့် အချိန်အတိုလေးအတွင်းမှာပဲ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ယုသန္တာတင် က ကြော်ငြာလေးတွေအပြင် photo shooting တွေလည်း ဆက်တိုက်ရိုက်ကူးနေရတာ တွေ့ရပါတယ်။
သူမဟာ သွယ်လျကျစ်လျစ်တဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် ဘယ်လိုဖက်ရှင်တွေပဲဖြစ်ဖြစ် လိုက်ဖက်မှုရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် ယုသန္တာတင် က အိမ်မှာနေရင်း တစ်နေ့တစ်မျိုးမရိုးရအောင် ပုံစံအသစ်အဆန်းလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကိုလည်း ဖော်ပြပေးပါတယ်။ ယခုမှာလည်း ယုသန္တာတင် က အပန်းဖြေခရီးထွက်နေတာဖြစ်ပြီး မြင်သူတိုင်းငေးမောသွားရလောက်မယ့် အလန်းစားပုံလေးတွေရိုက်ပြီး တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ ယုသန္တာတင် က ရေကူးကန်ထက်မှာ ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေနဲ့ ကြွေရက်စရာကောင်းအောင် ဖမ်းစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖွေးနုဖက်နေတဲ့ အသားအရေလေးတွေကလည်း အထင်းသားမြင်တွေ့ရပြီး ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ ကဲ...ပရိသတ်တွေလည်း ယုသန္တာတင် ရဲ့ အမိုက်စားပုံလေးတွေကိုသဘောကျမယ်လို့ မျှော်လင့်မိပါတယ်။
သတင်း အရင်းအမြစ်៖ Source- Yu Thandar Tin fb account