ပရိသတ်အယောင်ဆောင်ပြီး Chat Boxကနေ ဖုန်းတွေခဏခဏခေါ်နေတဲ့ သူတွေကို နောက်ဆုံးအနေနဲ့ သတိအကြီးကြီးပေးလိုက်တဲ့ လမင်းကဗျာ

//s9.kh1.co/f9/f984f52f97d2325cc309233598138826d0d216fd.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

စွယ်စုံရ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ လမင်းကဗျာကတော့ အနုပညာအလုပ်တွေကို နှစ်ပေါင်းများစွာ ကြိုးစားလုပ်ကိုင်ခဲ့တာဖြစ်လို့ ပရိသတ်အားပေးမှုကိုလည်း တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ရိုက်ကူးလေ့ရှိတဲ့ လမင်းကဗျာတစ်ယောက် အခုလက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေး​လုပ်ငန်းတွေကို အာရုံစိုက်ကာ ကြိုးကြိုးစားစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ 

Photo credit - Lamin Kabyar's Facebook Account

သူမကိုယ်တိုင် ဦးစီးလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းလေးက အောင်မြင်တာကြောင့် မိဘအိမ်မှ ခွဲထွက်ပြီး ကိုယ်ပိုင်အိမ်လေးကို မကြာသေးတဲ့အချိန်ကလည်း ဝယ်နိုင်ကြောင်း ပရိသတ်တွေထံ အသိပေးပြောလာခဲ့ပါတယ်။ လမင်းကဗျာက လူငယ်ပီပီ ပျော်ပျော်နေတတ်တာဖြစ်ပြီး လူအများနဲ့ ပေါင်းသင်းရာမှာလည်း ပြေပြစ်လို့ မြင်သူတိုင်းက အချစ်ပိုတာဖြစ်ပါတယ်။

Photo credit - Lamin Kabyar's Facebook Account
Photo credit - Lamin Kabyar's Facebook Account
Photo credit - Lamin Kabyar's Facebook Account
Photo credit - Lamin Kabyar's Facebook Account
Photo credit - Lamin Kabyar's Facebook Account
Photo credit - Lamin Kabyar's Facebook Account

ဒါပေမယ့်လည်း သူမနဲ့မခင်တဲ့သူတွေက Chat Boxမှာ Video callတွေဆက်တိုက်ခေါ်နေတာကြောင့် စိတ်အနှောက်အယှက် ဖြစ်ရကြောင်း မကြာသေးတဲ့ နာရီပိုင်း အချိန်ကမှ ရေးသားလာခဲ့တာပါ။ " cb က ခွင့်ပြုချက်မတောင်းပဲ ဖုန်းမခေါ်ပါနဲ့ရှင့် မကိုင်ပြန်ရင်လဲ မာနကြီးတာလားဘာလားနဲ့ ဖွန်ကြောင်ချင်တာလား အားပေးတာလားမသဲကွဲဘူး တကယ်အားပေးတဲ့ သူက အဲ့လိုမလုပ်ဘူးရှင့် ကျွန်မမအားဘူးရှင့် မိုးလင်းထဲက မိုးချုပ် ဒီဖုန်းနဲ့ အလုပ်လုပ်နေရတာ ဘောင်ခြာတွေ ဖွင့် ပစ္စည်းမှာသူတွေနဲ့ စကားပြောနေရလို့ အ လာ ပ သ လာ ပ ပြောဖို့ အချိန်မရှိပါဘူး cb က လာမခေါ်ကြပါနဲ့ နဲနဲနားလည်မှု့ရှိပါ ပြောလို့မရလျှင် Block ပါမည်ရှင့် " ဆိုပြီး ပွင့်ပွင့်လင်းလင်း ရေးသားလာတာဖြစ်လို့ ပရိသတ်တွေသိရှိစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။

Photo credit - Lamin Kabyar's Facebook Account
Photo credit - Lamin Kabyar's Facebook Account
Photo credit - Lamin Kabyar's Facebook Account
Photo credit - Lamin Kabyar's Facebook Account
Photo credit - Lamin Kabyar's Facebook Account
Photo credit - Lamin Kabyar's Facebook Account

သတင်း အရင်းအမြစ်Source - Lamin Kabyar's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T