ဝါးဆစ်ဘူးလေးတီးပြီး ဝမ်းရေးအတွက်အလှူခံနေတဲ့ သားအမိနှစ်ယောက်ကို စားသောက်စရာတွေပေးပြီး စိတ်မကောင်းဖြစ်နေတဲ့ Sinon Lorescaရဲ့ ဗီဒီယို

//s9.kh1.co/09/0993f8c8e532b7515cd3dce4b1e41d1cbe42f648.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဖိလစ်ပိုင်မော်လ်ဒယ် Sinon Loresca ကတော့ မြန်မာပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ Sinon Loresca က သာမန်မိန်းကလေးတွေ မစီးနိုင်လောက်တဲ့ ဒေါက်ဖိနပ်အမြင့်ကြီးတွေကို ကျွမ်းကျင်စွာစီးနိုင်သလို ကနွဲ့ကလျအမူအရာလေးတွေနဲ့ တမူထူးခြားသူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာပြည်မှာနေထိုင်ပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းချင်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit- Sinon Loresca fb page
Photo Credit- Sinon Loresca fb page
Photo Credit- Sinon Loresca fb page
Photo Credit- Sinon Loresca fb page

Sinon Loresca ရဲ့ အဓိကလေးစားစရာကောင်းတဲ့ အပြုအမူလေးတွေကတော့ ဝမ်းရေးအတွက် လှုပ်ရှားရုန်းကန်နေတဲ့ သူတွေကို သနားကြင်နာပြီး တွေ့တဲ့နေရာတိုင်းမှာ တတ်နိုင်သလောက် လှူဒါန်းပေးတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အလှူလေးတွေကိုလည်း မှတ်တမ်းတင် ဗီဒီယိုလေးတွေရိုက်ပြီး မကြာခဏဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း Sinon Lorescaဟာ ပရိသတ်တွေ ကြည်နူးစေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- Sinon Loresca fb page
Photo Credit- Sinon Loresca fb page
Photo Credit- Sinon Loresca fb page
Photo Credit- Sinon Loresca fb page

ဒီဗီဒီယိုလေးကတော့ လမ်းမပေါ်မှာ ဝါးဆစ်ဘူးလေးတွေတီးပြီး ဝမ်းရေးအတွက် အလှူခံနေတဲ့ သားအမိနှစ်ယောက်ကို စားသောက်စရာလေးတွေ လှူဒါန်းပေးခဲ့တဲ့ ကြည်နူးစရာ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီအလှူလေးနဲ့ ပတ်သက်ပြီး Sinon Lorescaက " Mother’s LOVE is the most unconditional and the purest form of love " ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေလည်း ဒီဗီဒီယိုလေးကို ကြည်နူးသဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်Video Credit & Source - Sinon Loresca fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T