ရုပ်ချင်းတူတဲ့ ပိုင်တံခွန်နဲ့ သူ့ပုံလေးကို ယှဥ်ကာတင်ပေးလာရင်း ပရိသတ်တွေကိုစနောက်ကာ နာမည်အဆန်းလေးပြောင်းလိုက်တဲ့ ဇော်ဇော်အောင်

//s9.kh1.co/8e/8ef091724fdf3c94d679107edda517e1e04e2e15.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဟာသဇာတ်ရုပ်တွေမှာ အပီပြင်ဆုံး ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ ဇာတ်ပို့ ဇော်ဇော်အောင်ကတော့ တကယ့်လက်တွေ့ဘဝမှာလည်း စစနောက်နောက်နဲ့ ပျော်ပျော်နေတတ်သူတစ်ဦးပါ။ အပေါင်းအသင်းများပြီး ရင်းနှီးဖော်ရွေတဲ့ ဇော်ဇော်အောင်ကို ပရိသတ်တွေကလည်း အားပေးကြတာဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ ဇော်ဇော်အောင်က ယနေ့အချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်တဲ့ သူပဲ ဖြစ်ပါတယ် ။

Photo credit - Zawzaw Aung's Facebook Account
Photo credit - Zawzaw Aung's Facebook Account
Photo credit - Zawzaw Aung's Facebook Account
Photo credit - Zawzaw Aung's Facebook Account

ဇော်ဇော်အောင်က သူရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက်ကတစ်ဆင့် ပရိသတ်တွေထံ အမြဲဝေမျှလေ့ရှိတာဖြစ်ပြီး ဟာသလေးတွေကိုလည်း မကြာခဏဆိုသလို တင်ပေးလေ့ရှိတာဖြစ်ပါတယ်။

ယနေ့မှာလည်း ဇော်ဇော်အောင်တစ်ယောက် ပိုင်တံခွန်နဲ့အတူ ရိုက်ကူးရေးတစ်ခုမှာ ရိုက်ထားတဲ့ ပုံလေးကို တင်ပေးလာရင်း စနောက်ထားပါသေးတယ်။ 

Photo credit - Zawzaw Aung's Facebook Account
Photo credit - Zawzaw Aung's Facebook Account
Photo credit - Zawzaw Aung's Facebook Account
Photo credit - Zawzaw Aung's Facebook Account

ဒါကတော့ " လှိုင် တံခွန် နဲ့ ပိုင် တံခွန် လေ သိပ်မကွာဘူး " ဆိုပြီး ရေးသားတင်ပေးလာတာပါ။အခုလို ဇာတ်ပို့ သရုပ်ဆောင် ဇော်ဇော်အောင် တင်ပေးလာခဲ့တဲ့ ပုံလေးတွေနဲ့ စာသားလေးကို ကြည့်ပြီး ပရိသတ်တွေရဲ့ တစ်နေ့တာရဲ့ ဘဝအမောတွေ ပြေပျောက်မိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ပရိသတ်တွေကလည်း ပိုင်တံခွန်နဲ့ ဇော်ဇော်အောင်တို့နှစ်ယောက် တူရဲ့လားဆိုတာ ကောမန့်မှာ ရေးသားဖြေပေးခဲ့ကြပါအုန်းနော်....။

Photo credit - Zawzaw Aung's Facebook Account
Photo credit - Zawzaw Aung's Facebook Account
Photo credit - Zawzaw Aung's Facebook Account
Photo credit - Zawzaw Aung's Facebook Account

သတင်း အရင်းအမြစ်Source - Zawzaw Aung's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T