ဆုမြတ်နိုးဦးနဲ့ သင်္ဇာမြင့်မိုရ်တို့ကြားထဲကနေ ဒေါက်ဖိနပ်ကိုကြွကြွရွရွလေးစီးလာကာအိုက်တင်အပြည့်နဲ့ကနေတဲ့ ကျော်‌ကျော်ရဲ့အခွီဗီဒီယိုလေး

//s9.kh1.co/9b/9bf90bb038592c9fbc562b793cf9484d9ea4793a.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....မာန်မာနကင်းပြီး အမြဲပျော်ပျော်နေတတ်တဲ့ မင်းသားချောလေးကျော်ကျော်‌ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဟာသဉာဏ်ရွှင်တဲ့သူလည်းဖြစ်ပြီး အမြဲလိုလိုသူ့ရဲ့ Facebook စာမျက်နှာမှာ ဆိုရင်လည်း အခွီစာသားလေးတွေရေးတင်တတ်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်ကျော်ကျော်ဟာ ဗီဒီယိုကားတွေ ရုပ်ရှင်ကားကြီးရိုက်ကူးနေတာဖြစ်တဲ့အပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ပါနော်။

Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc

အခုလက်ရှိမှာဆိုရင်လည်း ကျော်ကျော်ဟာ သူငယ်ချင်းဖြစ်တဲ့ ဆုမြတ်နိုးဦး၊ညီထွဋ်ခေါင်တို့နဲ့အတူ pageလေးတစ်ခုထောင်ကာ အခွီဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိသတ်တွေရဲ့အားပေးမှု ရရှိနေတာဖြစ်တဲ့အပြင် သူတို့သုံးယောက်ပေါင်းပြီး Live salesတွေလည်းပြုလုပ်နေတာတွေ့ရပါတယ်နော်။ သူတို့သုံးယောက်လုံးဟာ သွေးသားရင်းတွေလိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး ကျော်ကျော်တစ်ယောက်ကတော့ သူငယ်ချင်းတွေကို ပတ်စနေလေ့ရှိတဲ့အပြင် မကြာခဏဆိုသလို အခွီ Tik Tokလေးတွေကိုတင်ပေးလေ့ရှိပါတယ်။

Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc

အခုဆိုရင်လည်း ကျော်ကျော်ဟာ သူငယ်ချင်းဖြစ်တဲ့ ဆုမြတ်နိုးဦးနဲ့ သင်္ဇာမြင့်မိုရ်တို့နှစ်ယောက်အလယ်ကနေ ဒေါက်ဖိနပ်ကိုကြွကြွရွရွစီးလာပြီး ကနေတဲ့ အခွီဗီဒီယိုလေးကို ဆုမြတ်နိုးဦးဟာ သူမရဲ့ Tik Tok accလေးမှာတင်ပေးလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Kyaw Naing Oo's Facebook acc
Photo credit-Kyaw Naing Oo's Facebook acc
https://s9.kh1.co/__image/w=650,h=962,q=100/4e/4e46b5e6e9551145d11049207d0f387d1afeeed3.jpg

သတင်း အရင်းအမြစ်Hsu Myat Noe Oo's Tik Tok acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T