တစ်မြို့လုံးကလူတွေ ဓာတ်ပုံလာရိုက်ကြတဲ့အထိ ပန်းတွေဝေဝေဆာအောင်ပွင့်နေတဲ့ သူမတို့ခြံလေးကိုအမေနဲ့အတူ လျှောက်ကြည့်နေတဲ့ နဝရတ်

//s9.kh1.co/b1/b14f6ece5f4da984a8c9a5e478f48539bc80e5a8.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

တစ်မြို့လုံးကလူတွေ ဓာတ်ပုံလာရိုက်ကြတဲ့အထိ ပန်းတွေဝေဝေဆာအောင်ပွင့်နေတဲ့ သူမတို့ခြံလေးကို အမေနဲ့အတူ လျှောက်ကြည့်နေတဲ့ နဝရတ်

မင်းသမီးချောလေး နဝရတ်ကတော့ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။သူမရဲ့ထူးခြားဆန်းသစ်တဲ့ ဖက်ရှင်တွေနဲ့ ခပ်မိုက်မိုက်စတိုင်လ်လေးတွေကြောင့် ပရိသတ်တွေက နဝရတ်ကို စိတ်ဝင်တစားအားပေးလာခဲ့ကြတာဆိုရင်လည်း မမှားပါဘူးနော် ။ လက်ရှိမှာတော့ နဝရတ်က အနုပညာအလုပ်တွေနဲ့ အချိန်အတော်ကြာအောင် ဝေးကွာနေခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Na Wa Ratt's FB Acc
Photo Credit-Na Wa Ratt's FB Acc
Photo Credit-Na Wa Ratt's FB Acc
Photo Credit-Na Wa Ratt's FB Acc
Photo Credit-Na Wa Ratt's FB Acc
Photo Credit-Na Wa Ratt's FB Acc

ဒါပေမဲ့လည်း နဝရတ်ကိုချစ်ခင်ကြတဲ့ အမာခံပရိသတ်တွေက သူမကို အမြဲစောင့်ကြည့်ပြီး အားပေးနေကြတာ ဖြစ်ပါတယ် ။ နဝရတ်အနေနဲ့ကတော့ လူမှုကွန်ယက်စာမျက်နှာထက်မှာ သူမရဲ့သွားလာလှုပ်ရှားမှုလေးတွေကို ပုံမှန်မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း နဝရတ်က အေးချမ်းတဲ့အမေ့အိမ်လေးမှာ နေထိုင်ရင်း ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းနေကြောင်း ဗီဒီယိုလေးတွေနဲ့အတူ ပြသလိုက်တာပဲ ဖြစ်ပါတယ် ။ နဝရတ်အမေပိုင်ဆိုင်ထားတဲ့ အိမ်လေးကတော့ ပန်းတွေဝေဝေဆာအောင် ပွင့်နေပြီး အရမ်းကိုသာယာလှပနေတာ ဖြစ်ပါတယ် ။

Photo Credit-Na Wa Ratt's FB Acc
Photo Credit-Na Wa Ratt's FB Acc
Photo Credit-Na Wa Ratt's FB Acc
Photo Credit-Na Wa Ratt's FB Acc
Photo Credit-Na Wa Ratt's FB Acc
Photo Credit-Na Wa Ratt's FB Acc
Photo Credit-Na Wa Ratt's FB Acc
Photo Credit-Na Wa Ratt's FB Acc

အခုလည်း နဝရတ်က "အမေကြီးလမ်းမလျှာက်တာကြာပြီမို့...ပန်းတွေနဲ့မျှားပြီးမနည်းချော့ခေါ်ရတယ်" ဆိုပြီး ဗီဒီယိုလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။ နဝရတ်ကတော့ မိခင်ဖြစ်သူကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ ပန်းတွေပွင့်ဖူးလှပနေတာကို ကြည့်ရှုဖို့အတွက် မိခင်ကြီးကို ခြံအပြင်ရောက်အောင်ခေါ်ထုတ်ပြီး လမ်းလျှောက်စေခဲ့တာ ဖြစ်ပါတယ် ။ အမေကိုဂရုစိုက်တတ်တဲ့ နဝရတ်ကတော့ ဘေးကနေ တောက်လျှောက်လိုက်ပြီး ဗီဒီယိုရိုက်ထားတာ ဖြစ်ပါတယ် ။ ကဲ သစ်ပင်၊ပန်းပင်တွေစုံလင်ပြီး ကျယ်ဝန်းတဲ့အမေ့အိမ်လေးမှာ ပျော်နေတဲ့ နဝရတ်ရဲ့ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Na Wa Ratt's FB Acc

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T