ဖေဖေရဲ့လက်ကလေးကိုဆွဲပြီး ချစ်စရာပုံစံလေးနဲ့ လမ်းလျှောက်နေတဲ့သမီးလေးTreasureလေးကို ဗီဒီယိုလေးရိုက်ကာ လိုက်စနေတဲ့ မေမေစန္ဒီမြင့်လွင်

//s9.kh1.co/bc/bc262aa3b72345ff1fd745c18428e278d6c08bbc.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

ဖေဖေရဲ့လက်ကလေးကိုဆွဲပြီး ချစ်စရာပုံစံလေးနဲ့ လမ်းလျှောက်နေတဲ့သမီးလေးTreasureလေးကို ဗီဒီယိုလေးရိုက်ကာ လိုက်စနေတဲ့ မေမေစန္ဒီမြင့်လွင်

အဆိုတော်၊သရုပ်ဆောင်စတဲ့အလုပ်တွေကို ကျွမ်းကျင်စွာနဲ့လုပ်ကိုင်နေတဲ့ စန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး အောင်မြင်လျက်ရှိနေတဲ့သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ အေးချမ်းသာယာတဲ့မိသားစုဘဝလေးကိုခင်ပွန်ဖြစ်သူသီလလွင်နဲ့အတူ တည်ဆောက်ထားနိုင်ခဲ့ကာ ချစ်စရာကောင်းတဲ့သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Sandy Myint Lwin ' sFacebook Page 
Photo Credit: Sandy Myint Lwin ' sFacebook Page 
Photo Credit: Sandy Myint Lwin ' sFacebook Page 
Photo Credit: Sandy Myint Lwin ' sFacebook Page 

အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်လျက်ရှိနေတဲ့ သူမကတော့ ချစ်သမီးလေးTreasureကိုအချိန်ပေးပြီး တယုတယနဲ့ပြုစုပျိုးထောင်နေကာ သူမရဲ့သမီးလေးကတော့ ပရိသတ်တွေအချစ်ပိုရသူလေးပဲဖြစ်ပါတယ်။ သူမကတော့ သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိပြီး Treasureလေးကတော့ ယခုမှာစကားအရမ်းတက်လာကာ ပိုပြီးချစ်စရာကောင်းလာနေတဲ့ကလေးငယ်လေးပဲဖြစ်ပါတယ်။

Photo Credit: Sandy Myint Lwin ' sFacebook Page 
Photo Credit: Sandy Myint Lwin ' sFacebook Page 
Photo Credit: Sandy Myint Lwin ' sFacebook Page 
Photo Credit: Sandy Myint Lwin ' sFacebook Page 

သူမကတော့ ယခုမှာ ဖေဖေရဲ့လက်ကလေးကိုဆွဲပြီး ချစ်စရာပုံစံလေးနဲ့ လမ်းလျှောက်နေတဲ့သမီးလေးTreasureလေးကို လိုက်စနေခဲ့ပါတယ်။ သူမတို့မိသားစု၃ယောက်ရဲ့ အရမ်းချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မေမေစန္ဒီမြင့်လွင်ရဲ့သမီးလေးကို စလိုက်ရင်းပျော်ရွှင်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Sandy Myint Lwin 's Ig Acc Myday

Photo Credit: Sandy Myint Lwin ' s IgAccMyday
Photo Credit: Sandy Myint Lwin ' s IgAccMyday
Photo Credit: Sandy Myint Lwin ' s IgAcc Myday 
Photo Credit: Sandy Myint Lwin ' s IgAcc Myday 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T