ရတနာတွေရောင်းရင်းနဲ့ BGအသင်းကိုအားပေးရလို့ စိတ်ကယောင်ချောက် ချားဖြစ်ပြီး ရွှေလက်စွပ်ကြီးဝယ်ခဲ့တဲ့ သူမအဖြစ်ကိုပြောပြလာတဲ့ မကြီး စိုး

//s9.kh1.co/ce/ce82ce11e6b052ff9ec9e735d725933c590bd2f5.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

ရတနာတွေရောင်းရင်းနဲ့ BGအသင်းကိုအားပေးရလို့ စိတ်ကယောင်ချောက်ချားဖြစ်ပြီး ရွှေလက်စွပ်ကြီးဝယ်ခဲ့တဲ့ သူမအဖြစ်ကိုပြောပြလာတဲ့ မကြီးစိုး

မင်းသမီးချော စိုးမြတ်သူဇာကတော့ စိုးညီအစ်မတွေထဲမှာ အကြီးဆုံးဖြစ်ပြီး အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ် ။ အခုချိန်အထိ အရွယ်တင်နုပျိုပြီး ချောမောလှပနေဆဲဖြစ်တဲ့ မကြီးစိုးက ကျက်သရေရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေတဲ့ မကြီးစိုးက အားလပ်ချိန်လေးတွေမှာတော့ သူမဝါသနာပါတဲ့ "Moblie Legends"Game ကိုဆော့ကစားတတ်တာ ဖြစ်ပါတယ် ။ အခုလည်း မကြီးစိုးက နိုင်ငံကိုယ်စားပြုယှဥ်ပြိုင်တဲ့ "Burmese Ghouls" အသင်းကိုအားပေးဖြစ်ခဲ့ပုံကို အသေးစိတ်ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit -Amazing Grace
Photo Credit -Amazing Grace
Photo Credit -Soe Myat Thuzar's FB Page
Photo Credit -Soe Myat Thuzar's FB Page
Photo Credit -Soe Myat Thuzar's FB Page
Photo Credit -Soe Myat Thuzar's FB Page

မကြီးစိုးက "မနေ့က Lucky ရတနာရွှေဆိုင်လေးကို liveလွှင့်ရင်း BGကို အားပေးခဲ့တယ် ရွှေဆိုင်ပိုင်ရှင် ညီမလေးတွေက ဈေးရောင်းကောင်းတဲ့ အကျော်အမော် သုံးယောက်ကို ချစ်တဲ့စိတ်နဲ့ နားလည်ပေးကြလို့ တော်ပါသေးရဲ့ BG ကိုလည်း နိုင်စေချင် ရွှေတွေကိုလည်းအများကြီးရောင်းရစေချင် ပြီးတော့ ရွှေရောင်းလို့ပြီးမှ BG က ကြည့်ရမှာရယ် မနက်ခရီးသွားဖို့ ပစ္စည်းတွေကလည်း မထည့်ရသေးတာရယ် အဲ အဆိုးဆုံးက ခရီးမသွားခင် mcc covid center မှာ နှာခေါင်းအနှိုက်ခံရမယ့်အရေးရယ် အမလေး တွေးတွေးပြီး ကြက်သီးတွေထတာစိတ်တွေကဖရိုဖရဲ ကယောင်ချောက်ချား တင်မက ၇ /၈ တောင်ကပါ့မလားမသိ ဟင်း စဝ်မျိုးသာဇူကြီး သနားပါတယ်နော် အသက်ပဲကြီးနေပြီ ခုထိဂနာမငြိမ်ဖြစ်နေတုန်း နောက်ဆုံးတအားကို သနားလာတာနဲ့ ရောင်းနေတဲ့ ရွှေတွေထဲက လက်စွပ်ကြီးတစ်ကွင်းကိုယ့်ဟာကိုယ် ဝယ်ပေးလိုက်တယ် လှလားဟင် (ဘာမှတော့မဆိုင်ဘူး)"

Photo Credit -Soe Myat Thuzar's FB Page
Photo Credit -Soe Myat Thuzar's FB Page
Photo Credit -Soe Myat Thuzar's FB Page
Photo Credit -Soe Myat Thuzar's FB Page
Photo Credit -Soe Myat Thuzar's FB Acc
Photo Credit -Soe Myat Thuzar's FB Acc

"ပြီးတော့ BG လေးတွေရေ အန်တီက နောက်ဆုံးပွဲကို မကြည့်ဘူးသိလား နှလုံးရောဂါရှိလို့ပါ နိုင်တာ ရှုံးတာလည်း ဘာမှမသိဘူး အန်တီသိတာ BG က ever win Always win eternity win win.. win... winnnnnnnn ပဲ Ok နော် ကလေးလေးတွေ ပြီးတော့ မနေ့က live ကို သည်းခံကြည့်ပေးတဲ့ ပရိသတ်တွေကို အရမ်းချစ်တယ် အားပေးဝယ်ယူကြတဲ့ ရွှေချစ်သူတွေကိုလည်း အရမ်းချစ်ပါတယ် lucky ရတနာ မိသားစုကိုလည်း ချစ်တယ် ဒီထက်မက အများကြီးရောင်းရပါစေ ဆိုင်တွေလည်း အများကြီးထပ်ဖွင့်နိုင်ပါစေလို့ ဘားအံကို ရောက်ရောက်ချင်း ဆုတောင်းပေးပါတယ်ရှင်"ဆိုပြီး သူမရဲ့အဖြစ်တွေကို ဟာသနှောကာ ပြောပြထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit -Soe Myat Thuzar's FB Page

Photo Credit -"Burmese Ghouls"FB Page
Photo Credit -"Burmese Ghouls"FB Page
Photo Credit -Soe Myat Thuzar's FB Page
Photo Credit -Soe Myat Thuzar's FB Page
Photo Credit -Soe Myat Thuzar's FB Page
Photo Credit -Soe Myat Thuzar's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T