ခိုင်နှင်းဝေဂေဟာမှာ မိဘမဲ့ကလေးငယ်လေးတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတဲ့ သူတို့သူငယ်ချင်းလေးယောက်

//s9.kh1.co/57/57e4c2b9760f2611056cf87375935a4337ffa4ee.jpg
အနုပညာရှင်များ

 ၂၅-ဇန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ရယ်စရာဟာသလေးတွေနဲ့ အခွီလေးပြုလုပ်ကာ ပရိသတ်ကြီးတို့ရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ ကျော်ကျော်၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းအဖွဲ့တွေကလည်း အပါအဝင်ပါပဲ..။

ကျရာဇာတ်ရုပ်တွေကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ကောင်းကြသလို စကားပြောပွင့်လင်းပြီး အခွီလေးတွေအမြဲလုပ်တတ်ကြတာမို့လည်း ပရိသတ်တွေက စောင့်ကြည့်အားပေးနေကြတာလည်း ဖြစ်ပြီး လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်တတ်ကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 

ဒီကနေ့လေးမှာတော့ သူတို့သူငယ်ချင်းသုံးယောက်အပြင် သဉ္ဇာမြင့်မိုရ်နဲ့အတူ ခိုင်နှင်းဝေရဲ့ဂေဟာမှာ မိဘမဲ့ကလေးငယ်လေးတွေအတွက် လှူဒါန်းမှုလေးတွေပြုလုပ်ကာ ကုသိုလ်ယူခဲ့ကြတာလည်း တွေ့ရပါတယ်နော်..။

မိဘမဲ့ကလေးငယ်လေးတွေအတွက် အလှူငွေ ခြောက်သိန်းငါးသောင်းကျပ်ကို သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ပြီး ကလေးငယ်လေးတွေကိုလည်း အချိန်ပေးကာ နွေးထွေးမှုလေးတွေပေးခဲ့တဲ့ ပျော်စရာပုံရိပ်လေးတွေကိုလည်း ကြည်နူးစွာ မြင်တွေ့ရပါတယ်နော်..။

Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 

"ဒီနေ့သွားလှူဖြစ်တဲ့အလှူလေးပါ ..." ဆိုပြီး သူတို့သူငယ်ချင်းတွေရဲ့ အေးချမ်းကြည်နူးစရာအလှူလေးကို ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်နော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း သူတို့ရဲ့အလှူလေးကို ဝမ်းသာအားရနဲ့ သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြပြီး အပျော်လေးတွေလည်း ကူးစက်နေကြလိမ့်မယ်လို့ မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 
Photo Credit - Khine Hnin Wai's Fb Page 

သတင်း အရင်းအမြစ်N-H-K ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T