ချစ်ဇနီးချောလေးနဲ့ သားလေးကို အနားမှာမေတ္တာအပြည့်နဲ့ ဂရုစိုက်ကြင်နာပြီး ပျော်ရွှင်ကြည်နူးကာ အချိန်ကုန်ဆုံးနေတဲ့ ထူးအယ်လင်း

//s9.kh1.co/f3/f3f3596ad420fd03f98ac8b63e936ce2d4680e77.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့သူကတော့ အဆိုတော် ထူးအယ်လင်းပဲ ဖြစ်ပါတယ်။ ထူးအယ်လင်း က အဆိုတော်တစ်ယောက်အပြင် ယခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပါဝင်သရုပ်ဆောင်လာတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ကာလလေးဖြစ်တာကြောင့် အနုပညာအလုပ်တွေ ရပ်နားထားပြီး လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account

ထူးအယ်လင်းက သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ မကြာခဏဆိုရင်လည်း မိသားစုရဲ့ ချစ်စရာပုံလေးတွေကို ပရိသတ်တွေ ချစ်အားပိုအောင် ဖော်ပြပေးတာ ဖြစ်ပါတယ်။ ယခုအခါမှာလည်း ထူးအယ်လင်း က ကြည်နူးချစ်စရာကောင်းတဲ့ မိသားစုပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account
Photo Credit - Htoo El Lynn fb account

ဒီပုံလေးတွေထဲမှာတော့ ကားမောင်းနေရင်း ဇနီးချောလေးနဲ့ သားလေးကို ဘေးမှာထားပြီး ပျော်ရွှင်စရာ အမှတ်တရပုံလေးတွေ ရိုက်ထားခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ မိသားစုလေးကိုတော့ ပရိသတ်တွေအပြင် အနုပညာမောင်နုမတွေကပါ အားကျချစ်ခင်နေရတာ ဖြစ်ပါတယ်။ ကဲ..ပရိသတ်ကြီးလည်း ထူးအယ်လင်းတို့ မိသားစုလေးကို အရင်ကထက်ပိုပို ချစ်ပေးကြပါဦးနော်။

သတင်း အရင်းအမြစ်Source - Htoo El Lynn fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T