ယွန်းဖေဖေသင်ပေးတဲ့ပို့စ်အတိုင်း သဇင်ထူးမြင့်နဲ့အတူ နှစ်ယောက်တည်း ကြည်ကြည်နူးနူးဓာတ်ဖမ်းထားတဲ့ပုံလေးတွေကိုထုတ်ပြလာတဲ့ စည်သူဝင်း

//s9.kh1.co/d6/d68b4951cad4e4df53e2b81051f6a70538646726.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ယွန်းဖေဖေသင်ပေးတဲ့ပို့စ်အတိုင်း သဇင်ထူးမြင့်နဲ့အတူ နှစ်ယောက်တည်း ကြည်ကြည်နူးနူးဓာတ်ဖမ်းထားတဲ့ပုံလေးတွေကိုထုတ်ပြလာတဲ့ စည်သူဝင်း

မင်းသားချောလေး စည်သူဝင်းကတော့ ဇာတ်လမ်းတွဲတွေစတင်ရိုက်ကူးပြီး တဖြည်းဖြည်းနဲ့ လူသိများအောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ် ။ ချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ စည်သူဝင်းက အရပ်လည်းရှည်ပြီး စတိုင်လ်ကျတာကြောင့် မိန်းကလေးပရိသတ်တွေက သည်းသည်းလှုပ်အားပေးကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စည်သူဝင်းက ကြော်ငြာတွေလည်း ရိုက်နေရသလို အစီအစဉ်လေးတစ်ခုကိုလည်း လက်ခံရိုက်ကူးပြီး အောင်မြင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Si Thu Win's FB Page
Photo Credit-Si Thu Win's FB Page
Photo Credit-PHONN Photography
Photo Credit-PHONN Photography

စည်သူဝင်းက သိန်းလင်းစိုး၊ အောင်မင်းခန့်၊ ယွန်းယွန်း၊ သဇင်ထူးမြင့်တို့နဲ့အတူ "Double Dating " ဆိုတဲ့အစီအစဥ်လေးမှာ ပါဝင်နေတာ ဖြစ်ပါတယ် ။ အထူးသဖြင့် စည်သူဝင်းက ဦးခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်နဲ့အတူ တွဲဖက်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို ပိုမိုရရှိနေတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကလည်း စည်သူဝင်းနဲ့ သဇင်ထူးမြင့်တို့အဖွဲ့သားတွေက ရိုက်ကူးရေးအတွက် အတူတူခရီးထွက်ခဲ့ကြသေးတာ ဖြစ်ပါတယ် ။

Photo Credit-Si Thu Win's FB Page
Photo Credit-Si Thu Win's FB Page
Photo Credit-Li John Photography & Sein Nan Daw
Photo Credit-Li John Photography & Sein Nan Daw
Photo Credit-Si Thu Win's FB Page
Photo Credit-Si Thu Win's FB Page

အခုလည်း စည်သူဝင်းက "ယွန်းဖေဖေသင်ပေးတဲ့ပို့စ်" ဆိုပြီး သဇင်ထူးမြင့်နဲ့အတူ ရိုက်ကူးထားတဲ့ပုံလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ စည်သူဝင်းကတော့ သဲလေးသဇင်ထူးမြင့်နဲ့အတူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်ကြည်နူးနူး ဓာတ်ဖမ်းခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ် ။ ကဲ အရမ်းရိုနေတဲ့ စည်သူဝင်းနဲ့ သဇင်ထူးမြင့်တို့အနုပညာမောင်နှမနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Si Thu Win's FB Page

Photo Credit-Si Thu Win's FB Page
Photo Credit-Si Thu Win's FB Page
Photo Credit-Si Thu Win's FB Page
Photo Credit-Si Thu Win's FB Page
Photo Credit-Si Thu Win's FB Page
Photo Credit-Si Thu Win's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T