ယောက်ျားလေးတိုင်းရဲ့ အိမ်မက်ဖြစ်တဲ့ ဆိုင်ကယ်စီးပြီး ခရီးထွက်ရတာနဲ့ ပတ်သတ်လို့ သူဖြစ်ချင်တဲ့ ပုံစံလေးတွေကို ဖွင့်ဟလာတဲ့ နိုင်းနိုင်

//s9.kh1.co/7c/7cc08e92243c8a9726edfa682f389041005df46e.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ယခုအခါမှာတော့ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့တဲ့ သရုပ်ဆောင်မင်းသားချောလေး နိုင်းနိုင်းပဲ ဖြစ်ပါတယ်။ ဗီဒီယိုခေတ်ကတည်းက အနုပညာလမ်းပေါ် ရောက်ရှိလာခဲ့ ပြီး ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိခဲ့တာ ယနေ့ချိန်ထိပါပဲ။ ဆယ်စုနှစ်မကအောင် အောင်မြင်မှုတွေရခဲ့တဲ့ နိုင်းနိုင်းဟာ ယခုအချိန်မှာလည်း အနုပညာအလုပ်တွေကို ဖြေးဖြေးမှန်မှန်လေး လုပ်ဆောင်နေပြီး အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။

Photo Crd - Actor 99 Facebook account
Photo Crd - Actor 99 Facebook account
Photo Crd - Actor 99 Facebook account
Photo Crd - Actor 99 Facebook account

အချိုးစားညီမျှပြီး တောင့်တင်းခိုင်မာလှတဲ့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းဟာ လက်ရှိအချိန်မှာ အိမ်ထောက်ကျပြီး ကလေးတွေတောင် ရနေပြီဖြစ်သော်လည်း အရွယ်တင်နုပျိုနေတာကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကိုရရှိနေတာပဲ ဖြစ်ပါတယ်။ ခရီးတွေ ထွက်ရတာကို ကြိုက်တဲ့ နိုင်းနိုင်း တစ်ယောက် ကိုဗစ်အခြေအနေ ကြောင့် အိမ်တွင်းမှာ ကျိတ်မိတ်ပြီးနေနေရသော်လည်း ခရီးတွေ ထွတ်ချင်နေတာနဲ့ ပတ်သတ်ပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်။

Photo Crd - Nyar Na
Photo Crd - Nyar Na
Photo Crd - Actor 99 Facebook account
Photo Crd - Actor 99 Facebook account

ဒီတစ်ခါမှာ ယောက်ျားလေးတိုင်းရဲ့ အိမ်မက် ဖြစ်တဲ့ ဆိုင်ကယ် စီးပြီး ခရီးသွားရတာကို သူကိုတိုင်လည်း ကြိုက်နှစ်သတ်တယ်လို့ ပြောလာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် မြန်မာပြည် အနှံ့နဲ့ အရှေ့တောင် အာရှကို ဆိုင်ကယ်စီးပြီး ပတ်ချင်တယ်လို့ သူရဲ့ တစ်ချိန်က ဆိုင်ကယ်နဲ့ ခရီးထွက်ခဲ့တဲ့ အမိုက်စားပုံတွေနဲ့ အတူ "ဘယ်တော့များမှ ဆိုင်ကယ်နဲ့ ခရီးပြန်ထွက်ခွင့်ရနိုင်မလဲ...

ဖြစ်နိုင်ရင် မြန်မာပြည်အနှံ့ နှင့် အရှေ့တောင်အာရှကို ဆိုင်ကယ်နဲ့တော့ ပတ်ချင်မိတယ်

ချစ်သောသူများလည်း ကျနော်လိုပဲ ခရီးသွားချင်နေကြမှာပါ... ဟုတ်တယ်ဟုတ်?

Good morning" ဆိုတဲ့ ခေါင်းစဉ်လေးတပ်ပြီး သူရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်.....။

Photo Crd - Actor 99 Facebook account
Photo Crd - Actor 99 Facebook account
Photo Crd - Actor 99 Facebook account
Photo Crd - Actor 99 Facebook account
Photo Crd - Actor 99 Facebook account
Photo Crd - Actor 99 Facebook account
Photo Crd - Actor 99 Facebook account
Photo Crd - Actor 99 Facebook account

သတင်း အရင်းအမြစ်Actor 99 Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T