ချစ်ရတဲ့သူတွေလုပ်ပေးတဲ့ surprise လက်ဆောင်လေးတွေကြောင့် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့အခိုက်အတန့်လေးဖြစ်ခဲ့ရတဲ့ ပုလဲဝင်း

//s9.kh1.co/8c/8c68be5ce2716a1af2540603c673612e52e993cc.jpeg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

တစ်ခေတ်တစ်ခါက  အနုပညာလောကတွင် ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာကို  ရိုက်ကူးခဲ့ပြီး  ပရိသတ်တွေရဲ့  အထူးအားပေးမှုတွေကို  ရရှိခဲ့သူကတော့  သရုပ်ဆောင်  မင်းသမီးချောလေး  ပုလဲဝင်းပဲ  ဖြစ်ပါတယ်။  သူမဟာ  မော်ဒယ်လောကမှတစ်ဆင့်  သရုပ်ဆောင်ဘက်သို့  ကူးပြောင်းလာခဲ့သူတစ်ဦးလည်း  ဖြစ်ပါတယ်။  သွက်သွက်လက်လက်ရှိပြီး စကားပြောဆိုပုံလေးကလည်း  အသည်းယားစရာကောင်းလွန်းတာကြောင့်  ပရိသတ်များက  ချစ်မဝဖြစ်ခဲ့ရတာလည်း  ဖြစ်ပါတယ်။

Photo Crd-Pearl Win’s Facebook Account 
Photo Crd-Pearl Win’s Facebook Account 
Photo Crd-Pearl Win’s Facebook Account 
Photo Crd-Pearl Win’s Facebook Account 
Photo Crd-Pearl Win’s Facebook Account 
Photo Crd-Pearl Win’s Facebook Account 

ပုလဲဝင်းဟာ  လက်ရှိမှာတော့  အနုပညာအလုပ်တွေနဲ့  အပြီးတိုင်စွန့်လွှတ်ကာ  စီးပွားရေးလုပ်ငန်းတွေကိုပဲ  ဇောက်ချလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။  ပရိသတ်တွေနဲ့  အဆက်သွယ်မပြတ်အောင်လို့လည်း  သူမရဲ့ လူမှုကွန်ယက်ကနေတစ်ဆင့်  လှုပ်ရှားမှုလေးတွေကို  တင်ပေးနေတာလည်း  ဖြစ်ပါတယ်။  မနေ့ကတော့  မင်းသမီးချောလေး  မွေးနေ့ရက်မြတ်လေးပဲ  ဖြစ်ပါတယ်။  အနုပညာလုပ်တုန်းက ပြင်ပေးခဲ့တဲ့  မိတ်ကပ်ဆရာများနဲ့ အချစ်ရဆုံးသူငယ်ချင်းများက  သူမရဲ့ မွေးနေ့အတွက်  အမှတ်တရပုံလေးတွေနဲ့ Birthday Wish လုပ်ခဲ့ကြတာပဲ  ဖြစ်ပါတယ်။

Photo Crd-Pearl Win’s Facebook Account 
Photo Crd-Pearl Win’s Facebook Account 
Photo Crd-Pearl Win’s Facebook Account 
Photo Crd-Pearl Win’s Facebook Account 
Photo Crd-Pearl Win’s Facebook Account 
Photo Crd-Pearl Win’s Facebook Account 

ပုလဲဝင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း  ပုံလေးတွေနဲ့ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  ချစ်ရတဲ့သူတွေလုပ်ပေးတဲ့ကိတ်လေးကြောင့်ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့ပွဲလေးဖြစ်ခဲ့ရတဲ့ ပုလဲဝင်းရဲ့ဗီဒီယိုဖိုင်လေးပဲ  ဖြစ်ပါတယ်။  သူမကလည်း " ?ချစ်မတွေက စပရိုက် ဘတ်ဒေးကိတ်လာခွဲပေးတာတဲ့?

လက်ဆောင် ဝယ်လာ‌ပေးတဲ့ ဂါဝန်လေးလည်း ချက်ချင်းကို ဝတ်လိုက်ရတယ်ပေါ့ ?❣️?" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။  မင်းသမီးချောလေး  ပုလဲဝင်းတစ်ယောက်  အခုချိန်ကစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ပါစေလို့ Myanmarload မိသားစုကနေဆုမွန်ကောင်းတောင်းပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Pearl Win’s Facebook Account 

Photo Crd-Pearl Win’s Facebook Account 
Photo Crd-Pearl Win’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T