ကြည်လင်နေတဲ့ မျက်နှာအနေအထားနဲ့ မြင်သူတိုင်း ရင်အေးစေတဲ့ အပြုံးတွေနဲ့ အတူ ခေါင်းလေးရမ်းခါပြီး ဆော့ကစားထားတဲ့ ဝေလာရီ TikTok ဗီဒီယိုလေး

//s9.kh1.co/67/673fe5b0cc100b065f4dc4a45ca72f14f0213cca.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ ဇာတ်လမ်းတွဲတွေကို အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင်ရိုက်ကူးရာမှပရိသတ်တွေ ရဲ့ ရင်ထဲ ရောက်ရှိလာခဲ့တဲ့ MRTV – 4 မင်းသမီးချောလေး ဝေလာရီပဲဖြစ်ပါတယ်။ အနုပညာအလုပ်စစ လုပ်ခါစ ရုပ်ရည် အပိုင်းနဲ့ ပတ်သတ်ပြီး ပတ်ဝန်းကျင်ရဲ့ အပစ်တင်ရှုံ့ချခြင်းကို ခံခဲ့ ရလို့ စိတ်ဓာတ်တွေကျကာ အခါခါငိုခဲ့ရသော်လည်း အားလျော့ပဲ ကြိုးစားမှုတွေကြောင့် ယခုအချိန်မှာ နေရာ တစ်ခုထိ ရောက်ရှိအောင်မြင်နေပြီပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင်သရုပ်ဆောင်နိုင်ပြီး ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် လက်ရှိ အချိန်မှာ ပရိသတ်တွေ အားပေး ထောက်ခံမှုကို တခဲနပ် ရရှိထားတာ ပဲဖြစ်ပါတယ်။

Photo Crd - Wai Lar Ri Facebook account
Photo Crd - Wai Lar Ri Facebook account
Photo Crd - Wai Lar Ri Facebook account
Photo Crd - Wai Lar Ri Facebook account

သူမဟာ စွဲဆောင်မှုရှိတဲ့ နှုတ်ခမ်း ညို့အားပြင်းတဲ့ အကြည့်တွေကြောင့် ပုရိသ ယောက်ျားလေးတွေ အားပေး ဝန်ရံ မှုကို ရရှိနေတာ ပဲဖြစ်ပါတယ်။ လတ်တလောမှာလည်းLive sale တွေ လုပ်နေပြီး ဇာတ်လမ်းတွေ ဆက်လက်ရိုက်ကူးနေကာ ရိုက်ကွင်း မှာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ နဲ့ အတူ ရယ်စရာ ဟာသ TikTok ဗီဒီယိုလေးတွေကို ကစားကာ ချချပြပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတာ ပဲဖြစ်ပါတယ်။ ယခုအခါမှာတော့ သူမရဲ့ ကြည်လင်နေတဲ့ မျက်နှာထက်က ဟန်ဆောင်မှု ကင်းမဲ့ တဲ့ အပြုံးတွေ နဲ့ အတူ ဆော့ကစားထားတဲ့ TikTok ဗီဒီယိုလေး တစ်ပုဒ်ကို မျှဝေလာတာ ပဲဖြစ်ပါတယ်။

Photo Crd - Wai Lar Ri Facebook account
Photo Crd - Wai Lar Ri Facebook account
Photo Crd - Wai Lar Ri Facebook account
Photo Crd - Wai Lar Ri Facebook account

ဒီတစ်ခါမှာ သူမဟာ မြင်သူတိုင်း ရင်အေးစေ မယ့် အကြည့် တွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့ ဟန်ဆော့ ကစားထားတာ ပဲဖြစ်ပါတယ်။ ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းတော့ ပရိသတ်တွေ အားလုံးကလည်း အသည်း ယားပြီး ချစ်နေ ကြမှာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒီ ဗီဒီယိုလေးထဲမှာ ဝေလာရီ တစ်ယောက် သီချင်းတီးလုံးနဲ့ လိုက်ဖက်ညီညီ ဆော့ကစားထားတာ ပဲဖြစ်ပါတယ်။ ကဲ… ပရိသတ်တွေ အတွက် ချစ်စရာကောင်းအောင် ဆော့ ကစားထားတဲ့ ဝေလာရီရဲ့ TikTok ဗီဒီယိုလေးကိုချပြလိုက်တာ ပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီဗီဒီယိုလေးကို ကြည့်ပြီး အချစ်တွေ ပိုကြလိုက်ပါဦးနော်…..။

Photo Crd - Wai Lar Ri Facebook account
Photo Crd - Wai Lar Ri Facebook account
Photo Crd - Wai Lar Ri Facebook account
Photo Crd - Wai Lar Ri Facebook account

သတင်း အရင်းအမြစ်Wai Lar Ri TikTok account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T