အိမ်ပြောင်းရွှေ့နေပြီး အိမ်သန့်ရှင်းရေးတွေလုပ်နေရကြောင်းပြောပြနေတုန်း ချစ်ခင်ပွန်းပြန်လာလို့အပြုံးလေးတွေနဲ့ဆီးကြိုနေတဲ့ ပိုင်ဖြိုးသုရဲ့ဗီဒီယို

//s9.kh1.co/9b/9b39bb2b803348aa8fc53cbc01699ba511500898.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အိမ်ပြောင်းရွှေ့နေပြီး အိမ်သန့်ရှင်းရေးတွေလုပ်နေရကြောင်းပြောပြနေတုန်း ချစ်ခင်ပွန်းပြန်လာလို့အပြုံးလေးတွေနဲ့ဆီးကြိုနေတဲ့ ပိုင်ဖြိုးသုရဲ့ဗီဒီယို

မင်းသမီးချောလေးပိုင်ဖြိုးသုကတော့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး ဟန်ဆောင်မှုမရှိဘဲရိုးရှင်းတဲ့နေထိုင်မှုပုံစံလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ စကားလေးတွေကိုလည်းနားဝင်ချိုအောင်ပြောဆိုတတ်တဲ့ သူမကတော့ ကျရာဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တာပဲဖြစ်ပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်တဲ့အထိ အောင်မြင်လျက်ရှိနေတာဖြစ်ပါတယ်။

photo  credit: paing phyoe thu' s facebook page
photo credit: paing phyoe thu' s facebook page
photo  credit: paing phyoe thu' s facebook page
photo credit: paing phyoe thu' s facebook page

သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုလေးကိုခင်ပွန်းသည်ဏကြီးနဲ့အတူ တည်ဆောက်ထားနိုင်ခဲ့ပြီး သူမတို့ဇနီးမောင်နှံကတော့ စိတ်တူကိုယ်တူနဲ့အနုပညာအလုပ်တွေကိုအတူတကွလုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူက အရမ်းအလိုလိုက်တာကြောင့် စိတ်ချမ်းသာပျော်ရွှင်ကာ ပိုပြီး ချစ်စရာကောင်းလာနေတဲ့ ပိုင်ဖြိုးသုကတော့ ချစ်စရာပုံစံလေးနဲ့လှပနေတဲ့ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိနေတာပဲဖြစ်ပါတယ်။

photo  credit: paing phyoe thu' s facebook page
photo credit: paing phyoe thu' s facebook page
photo  credit: paing phyoe thu' s facebook page
photo credit: paing phyoe thu' s facebook page

သူမကတော့ ယခုမှာ အိမ်ပြောင်းရွှေ့နေရပြီး အိမ်သန့်ရှင်းရေးတွေကိုလည်း ကိုယ်တိုင်လုပ်ကာအလုပ်ရှုပ်နေတဲ့အကြောင်းပြောပြနေတုန်း ချစ်ခင်ပွန်းပြန်လာလို့အပြုံးလေးတွေနဲ့ဆီးကြိုနေခဲ့ပါတယ်။ပရိသတ်တွေသိချင်တဲ့မေးခွန်းလေးတွေကိုဖြေပေးနေတဲ့ ပိုင်ဖြိုးသုရဲ့ချစ်စရာဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးပိုင်ဖြိုးသုရဲ့ပျော်ရွှင်နေတဲ့ချစ်စရာဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: paing phyoe thu' s facebook page

photo  credit: paing phyoe thu' s facebook page
photo credit: paing phyoe thu' s facebook page
photo  credit: paing phyoe thu' s facebook page
photo  credit: paing phyoe thu' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T