ရွှေဝါရောင်တဖိတ်ဖိတ်တောက်ပနေတဲ့ ကိုယ်ကျပ်ဝတ်စုံလေးနဲ့ လိုက်ဖက်နေပြီး ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းနေတဲ့ မအေးသောင်း

//s9.kh1.co/97/979b1512f43b91dc925fcc717b711a72fbf3d3ec.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးချော အေးဝတ်ရည်သောင်း ကတော့ အနုပညာအလုပ်တွေကို ဆယ်စုနီးပါးမကလုပ်ကိုင်လာခဲ့ပြီး အောင်မြင်မှုတွေနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ အေးဝတ်ရည်သောင်းကို ချစ်တဲ့ပရိသတ်တွေက ချစ်စနိုးနဲ့ မအေးသောင်းလို့လည်း ခေါ်နေကြတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုလည်း ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit - Aye Thaung fb page
Photo Credit - Aye Thaung fb page
Photo Credit - Aye Thaung fb page
Photo Credit - Aye Thaung fb page

အေးဝတ်ရည်သောင်းက အသက်အရွယ်ရလာပေမဲ့ ယနေ့အချိန်ထိ ဆယ်ကျော်သက်လေးတစ်ယောက်လို ငယ်ရွယ်နုပျိုနေပြီး ချောမောလှပနေတာ ဖြစ်ပါတယ်။ ယခုမှာတော့ အေးဝတ်ရည်သောင်းဟာ မြင်သူတိုင်းအသည်းတယားယားဖြစ်သွားရလောက်မယ့် အလန်းစားပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးထဲမှာတော့ ရွှေရောင်တဖိတ်ဖိတ်တောက်ပနေတဲ့ အလန်းစားကိုယ်ကျပ် ဝတ်စုံလေးနဲ့ လိုက်ဖက်ပြီးလှပချောမောနေတာ တွေ့ရပါတယ်။

Photo Credit - Aye Thaung fb page
Photo Credit - Aye Thaung fb page
Photo Credit - Aye Thaung fb page
Photo Credit - Aye Thaung fb page

ဒီပုံလေးတွေနဲ့လည်း အေးဝတ်ရည်သောင်း က " ယောကျာ်းလေးတွေက ကိုယ်နဲ့ကြိုက်ခါစတုန်းကဆို အချိန်တွေအားနေတတ်တာနော်....ကြိုက်ပြီးလို့အချိန်နဲနဲကြာလာတော့ အလုပ်တွေရှုပ်လာလိုက်ကြတာ အိုဘားမားတို့ ထရန့်တို့ထက်တောင် သူတို့ဖုန်းတွေ မီတင်တွေကပို အလုပ်ရှုပ်သေးတာကိုယ်တွေက လာဘ်ကောင်လေးတွေထင်တယ်နော်....အလုပ်ကြိုးစားတဲ့အမျိုးသားနဲ့ဆုံရတာ သိပ်ကံကောင်းပါတယ်ရှင်......"ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း မအေးသောင်းရဲ့ အလန်းစားပုံလေးတွေကို သဘောကျချစ်ခင်မယ်လို့မျှော်လင့်မိပါတယ်။

Photo Credit - Aye Thaung fb page
Photo Credit - Aye Thaung fb page

သတင်း အရင်းအမြစ်Source - Aye Thaung fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T