သူမရဲ့ မျက်စိကျန်းမာရေးအတွက် ပရိသတ်တွေက စိုးရိမ်လို့ ပြောလာတဲ့ ကုထုံးလေးတွေကို ပြုလုပ်ရင်း စကားနားထောင်နေခဲ့တဲ့ မေကဗျာ

//s9.kh1.co/38/38e21a9a5bc89f4d1173b9bc1017bf272134fb32.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးချောလေး မေကဗျာကတော့ သေးသွယ်သွယ် ကိုယ်ခန္ဓာနဲ့ ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားပြီး ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေတာဖြစ်လို့ ယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားပေးအချစ်ပိုကြတာလည်း ဖြစ်ပါတယ်။ ဆယ်စုနှစ်ကျော်အထိ အနုပညာအလုပ်တွေကို ကြိုးစား လုပ်ကိုင်လာခဲ့တဲ့ မေကဗျာဟာဆိုရင် ပါဝင်တဲ့ ဇာတ်ကားတွေတိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ရိုက်ကူးလေ့ရှိတာဖြစ်လို့ ပရိသတ်အားပေးမှု အခိုင်အမာနဲ့ ရပ်တည်လျှောက်လှမ်းနေတာဖြစ်ပါတယ်။ 

Photo credit - May Kabyar's Facebook Account

ယခုလက်ရှိမှာဆိုရင် မေကဗျာက ကိုဗစ်ကပ်ရောဂါတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့မှန်မှန်သာ လုပ်ဆောင်နေတာဖြစ်ပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို ဦးစားပေးလုပ်ကိုင်နေတာဖြစ်ပါတယ်။ မေကဗျာက သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ Live saleနဲ့ စျေးရောင်းချလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုလိုရောင်းချရာမှာ ဖုန်းကိုပဲ အသုံးပြုနေရတာဖြစ်လို့ မျက်စိကျန်းမာရေးအတွက်လည်း စိုးရိမ်နေရတာပါ။

Photo credit - May Kabyar's Facebook Account
Photo credit - May Kabyar's Facebook Account
Photo credit - May Kabyar's Facebook Account
Photo credit - May Kabyar's Facebook Account
Photo credit - May Kabyar's Facebook Account
Photo credit - May Kabyar's Facebook Account

အခုလို သူမရဲ့ ကျန်းမာရေးကို စိတ်ပူကြတဲ့ ပရိသတ်တွေက ကုသနည်းမျိုးစုံနဲ့ ပြောပြလေ့ရှိတာဖြစ်ပြီး မေကဗျာကလည်း လိုက်လုပ်လေ့ရှိတာဖြစ်ပါတယ်။ မကြာသေးတဲ့အချိန်ကလည်း မေကဗျာက " ဂွတ်နိုက် ပါ မျက်စိကျန်းမာရေးကဗျာ့Fan တွေကကွမ်းရွက်ကပ်ပါဆိုလို့ စကားနားထောင်ပါတယ်ရှင့် " ဆိုတဲ့ စာသားလေးနဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ချစ်ပရိသတ်တွေရဲ့ စကားကို နားထောင်ပြီး ချစ်ပေးတဲ့ မေကဗျာကို အမြန်သက်သာစေဖို့ ကောမန့်မှာ ဆုတောင်းပေးလိုက်ကြပါအုန်းနော် ။ 

သတင်း အရင်းအမြစ်Source - May Kabyar's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T