မြင်နေကျ ပုံစံ မဟုတ်ပဲ ကလေးတစ်ယောက်လို အမူအရာနဲ့ ဆော့ကစားထားတဲ့ ပုံလေးတွေကို ရဲရဲ ဝံ့ဝံ့ ချပြလိုက်တဲ့ ကျော်ထက်အောင်

//s9.kh1.co/7a/7a667c7462ba702d374a1b0bc4d1830bd3d879a0.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

Myanmar Idol အစီအစဉ်တင်ဆက်သူ အဖြစ်ဆောင်ရွက်ရာ ကနေ လူသိများကျော်ကြား ခဲ့တဲ့ ကျော်ထက်အောင်ကို တော့ အားလုံးသိကြမယ် ထင်ပါတယ်။ အစီအစဉ်တင် ဆက်သူ တစ်ယောက် အနေနဲ့ အနုပညာလောကထဲ စတင်ရောက်ရှိလာခဲ့ ပြီး ပရိသတ်တွေ အားပေးထောက်ခံမှု ရရှိလာခဲ့ ရာ ယခုအချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီး တွေကို လက်ခံ ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ အသံပါဝါအားကောင်း ပြီး ပီပြင်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုရရှိခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

Photo Crd - Kyaw Htet Aung Facebook Page
Photo Crd - Kyaw Htet Aung Facebook Page
Photo Crd - Kyaw Htet Aung Facebook Page
Photo Crd - Kyaw Htet Aung Facebook Page

ခန္ဓာကိုယ်ကလည်း ကျစ်လစ်တောင့်တင်းနေပြီး နိုင်ငံခြားသား တစ်ယောက်လို အရပ်အမောင်း လှပသူ ဖြစ်တာကြောင့် နှုတ်ခမ်းနီ မလေးတွေ ရဲ့ အသည်းကျော်တစ်ဦး ဖြစ်နေရတာ ပဲဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ဖြူဖြူနဲ့ အတူ romantic ဆန်ဆန် ရိုက်ထားတဲ့ ပုံလေးတွေ အချို့ကြောင့် ပရိသတ်တွေ အကြား ရေးပန်းစားနေကာ အောင်မြင်မှုတွေ ရရှိနေတာ ပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း Live sale တွေလုပ်နေလိုက် ဖိတ်ထားတဲ့ ပွဲတွေ တက်နေပြီး ပရိသတ်တွေ နဲ့ အဆက်အသွယ်မပျက်ရှိနေတာ ပဲဖြစ်ပါတယ်။ ယခုအခါမှာလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ကလေးတစ်ယောက် အမူအရာနဲ့ ဆော့ကစားထားတဲ့ ပုံလေးတွေကို ချပြလာတာ ပဲဖြစ်ပါတယ်။

Photo Crd - Johnny
Photo Crd - Johnny
Photo Crd - Johnny
Photo Crd - Johnny

ဒီတစ်ခါမှာတော့ ကျော်ထက်အောင်ဟာ စတိုင်စမက်ကျအောင် ဝတ်စားထားသော်လည်း ဟန်ဆောင်မှုကင်းတဲ့ အပြုံးလေးတွေနဲ့ ကလေးဆန်ဆန် ရိုက်ထားတဲ့ ပုံလေးတွေကို မျှဝေလာတာပဲဖြစ်ပါတယ်။ဒီပုံလေးတွေ ထဲမှာ ကျော်ထက်အောင်ကတော့ ဒန်းလေးကို စီးကာ ရယ်မောပျော်ရွှင်ပြီး ကလေး တစ်ယောက်လို ချစ်ဖို့ကောင်းနေတာ ကြောင့် ပရိသတ်တွေက အသည်းယားပြီး အချစ်တွေ ပိုနေကြမှာတော့ အမှန်ပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မြင်နေကျ ပုံစံ မဟုတ်တော့ တအံ့တသြ ဖြစ်နေကြတော့မှာပဲဖြစ်ပါတယ်။ ကဲ ..ပရိသတ်ကြီး တို့အတွက် ကျော်ထက်အောင်ရဲ့ ဟန်ဆောင်မှုကင်းမဲ့ စွာ ဆော့ကစားထားတဲ့ ပုံရိပ်လေးတွေကို ချပြပေးလိုက်တာ ပဲဖြစ်ပါတယ်နော်….။

Photo Crd - Johnny
Photo Crd - Johnny
Photo Crd - Johnny
Photo Crd - Johnny
Photo Crd - Johnny
Photo Crd - Johnny

သတင်း အရင်းအမြစ်Kyaw Htet Aung Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T