တောင်တက်လမ်းကြမ်းတွေမှာ ဆိုင်ကယ်ကိုယ်တိုင်မောင်းနေရင်း ဆိုင်ကယ်မှောက်ကာဒဏ်ရာတွေရရှိခဲ့တဲ့ အေးမြတ်သူ

//s9.kh1.co/d5/d51060a04b8e7ae9f87cbd4463ce4e0bc6287f5d.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အပျိုကြီးမမလို့ အားလုံးက ချစ်စနိုးစနောက်ကြတဲ့ သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော အေးမြတ်သူကတော့ သရုပ်ဆောင်ကောင်းသလို ချစ်စရာကောင်းလွန်းသူလေးမို့ ပရိသတ်တွေက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်..။

ဟန်ဆောင်မှုတွေကင်းပြီး စကားပြောပွင့်လင်းကာ ပါးချိုင့်အပြုံးလှလှလေးတွေနဲ့လည်း မြင်သူတိုင်းကို သဘောကျစေသလို ဆွဲဆောင်မှုရှိကာ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားနေတာလည်း ဖြစ်ပါတယ်..။

Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Aye Myat Thu's Fb Page
Photo Credit - Aye Myat Thu's Fb Page

မမြတ်လေးကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေအပြင် အားကစားလုပ်နေတဲ့ပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေတတ်ပြီး အခုတစ်ခါမှာလည်း တောင်တက်လမ်းကြမ်းတွေမှာ ဆိုင်ကယ်စီးခဲ့တဲ့အကြောင်းလေးကို ဗီဒီယိုဖိုင်လေးနဲ့ ဝေမျှလာပါတယ်နော်..။

တောင်တက်လမ်းကြမ်းတွေမှာ ဆိုင်ကယ်ကိုယ်တိုင်မောင်းနေရင်း ဆိုင်ကယ်မှောက်လို့ ဒဏ်ရာရရှိခဲ့တဲ့ သူမရဲ့အဖြစ်လေးကိုလည်း အသိပေးပြောပြရင်း ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေကိုလည်း ဗီဒီယိုလေးရိုက်ကာ ဝေမျှထားပါသေးတယ်..။

Photo Credit - Ride Behind Kalaw's Fb Page
Photo Credit - Ride Behind Kalaw's Fb Page
Photo Credit - Aye Myat Thu's IG Acc
Photo Credit - Aye Myat Thu's IG Acc

ကြီးကြီးမားမားစိုးရိမ်ရလောက်အောင် ဒဏ်ရာမရရှိခဲ့ပေမယ့် ပေါင်နဲ့ ခြေသလုံးမှာ အညိုအမဲစွဲဒဏ်ရာတွေကို ဗီဒီယိုဖိုင်လေးမှာ ပြသထားတာဖြစ်ပြီး ပရိသတ်တွေကလည်း မမြတ်လေးအတွက် စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ်..။

ကဲ.. ချစ်ရတဲ့ မမြတ်လေးရဲ့ အသည်းကျော်ပရိသတ်တွေအတွက် ရေချိုးရင်း ဒဏ်ရာတွေပြသထားတဲ့ သူမရဲ့ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်တာမို့ မှတ်ချက်လေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - Aye Myat Thu's IG Acc
Photo Credit - Aye Myat Thu's IG Acc
Photo Credit - Aye Myat Thu's IG Acc
Photo Credit - Aye Myat Thu's IG Acc

သတင်း အရင်းအမြစ်Aye Myat Thu's IG Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T