ခင်ပွန်းဖြစ်သူနဲ့မျက်နှာချင်းဆိုင် ကြည်ကြည်နူးနူးလေး Work Out အတူလုပ်နေတဲ့ စန္ဒီမြင့်လွင်ရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/44/44c2ebdd7b958f86a5361267bc29b2a3e50000d8.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

အောင်မြင်မှုတွေအခိုင်အမာနဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းရပ်တည်နေသလို ချစ်စရာကောင်းပြီး ကြည်နူးစရာလည်း ကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူကတော့ အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်..။

ဒီးဒီကတော့ လူငယ်အကြိုက် အမိုက်စားသီချင်းကောင်းလေးတွေများစွာ ထွက်ရှိထားသလို ဇာတ်ကားတွေလည်း ရိုက်ကူးထားပြီး ပရိသတ်တွေကို သဘောကျစေသလို ပျော်ရွှင်နေတဲ့မိသားစုပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးပါ..။

Photo Credit - Dior By Heart
Photo Credit - Dior By Heart
Photo Credit - Dior By Heart
Photo Credit - Dior By Heart

အနုပညာလုပ်ရှားမှုလေးတွေအပြင် မိသားစုပုံရိပ်လေးတွေလည်းဝေမျှတတ်တဲ့ ဒီးဒီတစ်ယောက် လတ်တလောမှာလည်း ခင်ပွန်းဖြစ်သူကိုသီဟလွင်နဲ့အတူ Work Out လုပ်နေတဲ့ လေ့ကျင့်ခန်းဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှလာပါတယ်နော်..။

ခင်ပွန်းဖြစ်သူနဲ့အတူ လိုက်ဖက်ညီညီ အတွဲညီညီနဲ့ လေ့ကျင့်ခန်းတွေ အတူလုပ်နေတဲ့ ဒီးဒီရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို သဘောကျစရာကောင်းတာမို့ ပရိသတ်တွေကလည်း အားပေးချစ်ခင်နေကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Dior By Heart
Photo Credit - Dior By Heart
Photo Credit - Treasuresfamily's Tik Tok Acc
Photo Credit - Treasuresfamily's Tik Tok Acc

မနက်ခင်းလေးမှာ ဇနီးမောင်နှံနှစ်ယောက်အတူ ကြည်ကြည်နူးနူးလေးနဲ့ လေ့ကျင့်ခန်း Work Out အတူလုပ်နေတဲ့ သူမတို့ရဲ့ ဗီဒီယိုဖိုင်လေးကို Tik Tok ဗီဒီယိုလေးအဖြစ် ပရိသတ်တွေကို ဒီးဒီက ဝေမျှထားတာပဲ ဖြစ်ပါတယ်..။

ကဲ.. ဒီကနေ့လေးမှာတော့ ရှေ့သွားနောက်လိုက်နဲ့ လိုက်ဖက်လွန်းကြတဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံရဲ့ Work Out ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်တာမို့ မှတ်ချက်လေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - Treasuresfamily's Tik Tok Acc
Photo Credit - Treasuresfamily's Tik Tok Acc
Photo Credit - Treasuresfamily's Tik Tok Acc
Photo Credit - Treasuresfamily's Tik Tok Acc

သတင်း အရင်းအမြစ်Treasuresfamily's Tik Tok Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T