လွန်ခဲ့သောနှစ်(၅၀)ကျော်လောက်က ဖေ‌ဖေနဲ့မေမေ့ရဲ့ဆယ်ကျော်သက်အရွယ်ပုံရိပ်လေးတွေကို ထုတ်ပြလိုက်တဲ့ ဆန်းထွဋ်

//s9.kh1.co/31/31d007ce35cb90882ae9ebe9f75bc76f28b98132.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

လွန်ခဲ့သောနှစ်(၅၀)ကျော်လောက်က ဖေ‌ဖေနဲ့မေမေ့ရဲ့ဆယ်ကျော်သက်အရွယ်ပုံရိပ်လးတွေကို ထုတ်ပြလိုက်တဲ့ ဆန်းထွဋ်

ပရိသတ်ကြီးရေ သရုပ်ဆောင်၊အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ဆန်းထွဋ်ကတော့ ချောမောခန့်ညားတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားလို့ အနုပညာလောကမှာ ဇာတ်ကားတွေအများအပြားကို ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ဆန်းထွဋ်က အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ယခုလိုကိုဗစ်ကာလမှာတော့ အိမ်ထဲမှာပဲ ပန်းချီတွေဆွဲနေတာဖြစ်ပါတယ်။ဆန်းထွဋ်က ချစ်ဇနီးရယ်၊သမီးလေးရယ်နဲ့အတူ မိသားစုဘဝလေးမှာ ပျော်ရွှင်အေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်နော်။

Photo Credit:Sann Htut's Facebook Account
Photo Credit:Sann Htut's Facebook Account
Photo Credit:Sann Htut's Facebook Account
Photo Credit:Sann Htut's Facebook Account

ဆန်းထွဋ်က ပွဲအခမ်းအနားတွေမှာဆိုရင်လည်း စကားပြောကောင်းကောင်းနဲ့ အစီအစဉ်တင်ဆက်တာဖြစ်ပါတယ်။ဆန်းထွဋ်ကတော့ ကလေးအဖေဖြစ်ပေမယ့်လည်း နုပျိုပြီး ခန့်ညားနေဆဲဖြစ်ပါတယ်နော်။ဆန်းထွဋ်ရဲ့ချစ်ဇနီးလေးကလည်း ယောက်ျားရဲ့နောက်ကနေပြီး လိုအပ်သမျှကိုဖြည့်ဆည်းပေးကာ တတ်နိုင်သလောက်ပံ့ပိုးကူညီပေးတာဖြစ်ပါတယ်။ဆန်းထွဋ်ကတော့ မိသားစုကို တင့်တောင်းတင့်တယ်ထားသလို မိဘနှစ်ပါးကိုလည်း လိုလေသေးမရှိအောက် ဂရုစိုက်ပေးတာဖြစ်ပါတယ်နော်။ 

Photo Credit:Sann Htut's Facebook Account
Photo Credit:Sann Htut's Facebook Account
Photo Credit:Sann Htut's Facebook Account
Photo Credit:Sann Htut's Facebook Account

ဆန်းထွဋ်ရဲ့မိဘနှစ်ပါးကတော့ ယနေ့အချိန်ထိတိုင် ကျန်းကျန်းမာမာနဲ့ နုပျိုလှပနေကြဆဲပဲဖြစ်ပါတယ်။အခုဆိုရင်တော့ ဆန်းထွဋ်က"အဖေနဲ့ အမေ ဆယ်ကျော်သက်အရွယ်တုန်းက စတိုင်လ် လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်လောက်ကပေါ့ အဖေ့ရဲ့ ဂေါ်ချက်ကို ကြိုက်လို့ အမေတင်ထားတဲ့ post ကနေ သွားကူးလာတာ"ဆိုပြီး ပရိသတ်တွေမမြင်ဖူးသေးတဲ့ပုံရိပ်တွေကို ထုတ်ပြလိုက်တာဖြစ်ပါတယ်။ဆန်းထွဋ်ကတော့ ဖေဖေနဲ့မေမေ့ဆီကနေ အချောအလှတွေကိုအမွေရထားလို့ အခုအရွယ်ထိတိုင် နုပျိုပြီးခန့်ညားနေဆဲဖြစ်ပါတယ်နော်။ 

Photo Credit:Sann Htut's Facebook Account
Photo Credit:Sann Htut's Facebook Account
Photo Credit:Sann Htut's Facebook Account
Photo Credit:Sann Htut's Facebook Account

Source&Photo Credit:Sann Htut's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T