မွေးနေ့လေးမှာ ရိုးရိုးရှင်းရှင်းလေးပဲ ဖြတ်သန်းခဲ့တဲ့ ဗီဒီယိုလေးကို အမှတ်တရ ဝေမျှလာတဲ့ အောင်လေး

//s9.kh1.co/78/78db4e7c5061314757928de15e2c5cd83a2df002.jpeg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..,,,

အောင်လေးကတော့ အရပ်ရှည်ပြီး ခန္ဓာကိုယ်လည်း ကျစ်လစ်တောင့်တင်းတာကြောင့် မိန်းကလေးပရိသတ်တော်တော်များများက ကြွေနေရတာ ဖြစ်ပါတယ်။ ဖြူဥတဲ့ အသားအရည်လေးကိုပိုင်ဆိုင်ထားတဲ့ အောင်လေးက တစ်မူထူးခြားစွာ ဆွဲဆောင်မှုရှိနေတာလည်း ဖြစ်ပါတယ်။ အောင်လေးကတော့ ဖက်ရှင်အလန်းလေးတွေနဲ့ အမြဲ သန့်ပြန့်ခန့်ညားနေပြီး ကိုရီးယားမင်သားလေးလို့ ထင်မှတ်ရလောက်အောင် ချောမောခန့်ညားတာကြောင့် ကောင်မလေးတွေကြွေနေရတာလည်းဖြစ်ပါတယ်။ 

Photo Credit :Myat Bhone Naing
Photo Credit :Myat Bhone Naing
Photo Credit :Myat Bhone Naing
Photo Credit :Myat Bhone Naing

တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုရရှိလာတဲ့ အောင်လေးက ဇာတ်ကားတွေ ကြော်ငြာတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရပါတယ်။ အမြဲလိုလိုဖော်ရွေပြီး ပျော်ပျော်နေတတ်တဲ့ စိတ်ထားလေးကလည်း ပရိသတ်တွေ အဓိကကြွေနေရတာပါ။ အောင်လေးကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ 

Photo Credit :Myat Bhone Naing
Photo Credit :Myat Bhone Naing
Photo Credit :Myat Bhone Naing
Photo Credit :Myat Bhone Naing

ဒီနေ့လေးကတော့ သူရဲ့ ၂၉ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ရာ မွေးနေ့ကို ရိုးရိုးရှင်းရှင်းပဲဖြတ်သန်းခဲ့ကြောင်း အမှတ်တရဗီဒီယိုလေးနဲ့အတူ "ရိုးရိုးရှင်းရှင်းမွေးနေ့ဖြတ်သန်းမှု ( ၁ ) ဒီနေ့ကျွန်တော့်အသက် ၂၉ နှစ်ပြည့်တဲ့နေ့ပါ ပထမဆုံး ကျွန်တော်ရယ်လို့ဖြစ်လာအောင်မွေးပေးခဲ့တဲ့အဖေနဲ့အမေကိုကျေးဇူးအရမ်းတင်ပါတယ် ပြီးတော့ကျွန်တော်ကို ချစ်နေပေး ပြီး အခုထိဘာလုပ်လုပ်အားပေးနေကြတဲ့ ချစ်စရာ ကျွန်တော့်ရဲ့ Fan လေးတွေတစ်ယောက်စီတိုင်းကိုချစ်လဲချစ်တယ် ကျေးဇူးလဲအရမ်းတင်ပါတယ် ခင်ဗျ..ရှေ့ဆက်ပြီးလဲကျွန်တော်ကိုချစ်ပေး ကြပါဦး အမြင်မတော်တာရှိရင်လဲချစ်တဲ့စိတ်နဲ့ ဝိုင်းဝန်းပြုပြင်ပေးကြပါဦးလို့ " ဆိုတဲ့ စာလေးကိုရေးသားဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit :Myat Bhone Naing
Photo Credit :Myat Bhone Naing
Photo Credit :Myat Bhone Naing
Photo Credit :Myat Bhone Naing

Source    : Aung Lay Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T