လူရွှင်တော် သက်ကြီး ဘိုးဘွားရိပ်သာ ဆောက်လုပ်ရန်အတွက် ကိုယ်တိုင် ဦးဆောင်ပြီး လှူတမ်းကာ အလှူရှင်တွေကိုဖိတ်ခေါ်လိုက်တဲ့ ဒိန်းဒေါင်

//s9.kh1.co/a5/a57ecfaca0de467dea58018720c7b2d62f06b6e1.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဟာသညဏ်ရွှင်ပြီး ဟာသဆန်တဲ့ စကားပြောဆို ဟန်တွေကြောင့် ပရိသတ်တွေ ရဲ့ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ ဒိန်းဒေါင် ကိုတော့ ကလေး အစ လူကြီးအဆုံး အားလုံးသိကြမယ်ထင်ပါတယ်။ လူရွှင်တော် အလုပ်နဲ့ အနုပညာလောက ထဲစတင်ရောက်ရှိလာခဲ့ပြီး ဗီဒီယို ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးခဲ့ကာ ပရိသတ်တွေ အားပေးထောက်ခံမှုကို အခိုင်အမာ ရရှိခဲ့တာ ပဲဖြစ်ပါတယ်။ယခုအချိန်မှာလည်းရုပ်ရှင်ဇာတ်ကားကြီး တွေကို လက်ခံရိုက်ကူးနေပြီး အနုပညာအလုပ်တွေကို ဖြေးဖြေးမှန်မှန်လေး လုပ်ဆောင်နေကာ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။

Photo Crd - Dain Daung Facebook account
Photo Crd - Dain Daung Facebook account
Photo Crd - Dain Daung Facebook account
Photo Crd - Dain Daung Facebook account

လူရွှင်တော်အလုပ်မှာလည်း ပီပြင်သလို သရုပ်ဆောင်တဲ့ နေရာမှာလည်း အနုပညာ အရည်အချင်းရှိတာကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှု ရရှိခဲ့တာ ဆိုရင်လည်းမမှားပါဘူး။ လတ်တလောမှာလည်း ဆင်းရဲ နွမ်းပါးတဲ့ လူတွေကို အလှူတမ်းတွေ လုပ်နေကာ သူတင်လိုက်တဲ့ ဗီဒီယိုလေး တွေကြောင့် ကြည့်မိသူ အားလုံးက ဝမ်းသာ ပီတိတွေ ဖြစ်နေရတာပဲဖြစ်ပါတယ်။ ယခုအခါမှာလည်း သက်ကြီး ရွယ်အိုတွေ အတွက် ရိပ်သာ ဆောက်လုပ်လှူတမ်းတာ နဲ့ ပတ်သတ်ပြီး အလှူရှင်တွေကို ဖိတ်ခေါ်ထားတာ ပဲဖြစ်ပါတယ်။ 

Photo Crd - Dain Daung Facebook account
Photo Crd - Dain Daung Facebook account
Photo Crd - Dain Daung Facebook account
Photo Crd - Dain Daung Facebook account

ဒီတစ်ခါမှာတော့ ဒိန်းဒေါင်ဟာ လူရွှင်တော် သက်ကြီး ဘိုးဘွားရိပ်သာ ဆောက်လုပ်လှူတမ်းရန်အတွက် မြန်မာ့နိုင်ငံ လူရှင်တော်အသင်း (ရန်ကုန်)နဲ့ အတူ ကိုယ်တိုင်ဦးဆောင် လှူတမ်းပြီး အခြားသော သူတွေလည်း အလှူဒါန ပြုလုပ်နိုင်ကြောင်း အသိပေးအကြောင်း ကြားထားတာပဲဖြစ်ပါတယ်။ လှူတမ်းတဲ့ သူတွေကလည်း သဲ၊ အုပ်၊ ဘိလပ်မြေ ၊ကျောက် စသည့်လှူဖွယ် ပစ္စည်းတွေ သာမက အလှူငွေ နည်းများမဆိုပါ ပါဝင်ကုသိုလ်ပြုနိုင်ကြောင်း အကြောင်းကြားထားတာကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာ ထက်မှာဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်နော်….။

Photo Crd - Dain Daung Facebook account
Photo Crd - Dain Daung Facebook account
Photo Crd - Dain Daung Facebook account
Photo Crd - Dain Daung Facebook account

သတင်း အရင်းအမြစ်Dain Daung Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T