ကလေးဘဝကတည်းက ဘုရားတရားသိတတ်ပြီး သူမနဲ့ စိတ်ချင်းတူတဲ့ သမီးငယ်လေးကြောင့် အရမ်းပီတိဖြစ်နေရတဲ့ သက်မွန်မြင့်

//s9.kh1.co/7c/7c55e9755511b70444bc9245c751911cd406e292.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အခုလို ကိုဗစ်ရောဂါတွေကြောင့် အနုပညာလှုပ်ရှားမှု အားလပ်ချိန်တွေမှာ ဘုရားတရားကို တစိုက်မတ်မတ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ သက်မွန်က သူမရဲ့ သားသမီးတွေကိုလည်း အခုလို ကလေးဘဝကတည်းက ဘုရားတရားကိုင်းရှိုင်းစေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ အငယ်ဆုံးသမီးလေးကလည်း သက်မွန်နဲ့အတူ တရားထိုင်လေ့ရှိတာကတော့ ပရိသတ်တွေကို အချစ်ပိုမိစေမှာပါ။ 

Photo credit - Thet Mon Myint's Facebook Page

သက်မွန်က မကြာသေးတဲ့ နာရီပိုင်းအချိန်လောက်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ သမီးလေးနဲ့အတူ တရားထိုင်နေတဲ့ ပုံလေးတွေကို ဝေမျှလာတာဖြစ်ပါတယ်။ ပုံလေးတွေအပြင် " တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး ဆိုသလိုပေါ့...၉ ရက် တရားစခန်း( အိမ်ကနေ zoomနဲ့) ဝင်တော့ သူလိုက်ထိုင်တာ.. သက်မွန်ကိုယ်တိုင်လည်း မေမေက ဘုရားတရား အရမ်းလုပ်တော့ ကိုယ်ပါ စိတ်နှစ်ပြီး လုပ်ဖြစ်တယ်.. ကလေးဘဝထဲက မေမေ ပုတီးစိပ်ရင် စိတ်ဝင်တစား ကြည့်ပြီး မေမေသင်ပေးတာ လိုက်လုပ်တာ..အနုပညာ အလုပ်စ လုပ်တော့လည်း ဘုရားမှ တပါး အားကိုးရာ မရှိခဲ့တော့ ပိုလုပ်ဖြစ်တယ်.. 

Photo credit - Thet Mon Myint's Facebook Page
Photo credit - Thet Mon Myint's Facebook Page
Photo credit - Thet Mon Myint's Facebook Page
Photo credit - Thet Mon Myint's Facebook Page
Photo credit - Thet Mon Myint's Facebook Page
Photo credit - Thet Mon Myint's Facebook Page

ခု အလုပ်မလုပ်ရတော့ အိမ်မှာ နေရတဲ့ချိန် အိမ်ကနေ တရားစခန်းဝင်လို့ရတယ်ဆိုတော့ ဝင်ဖြစ်တယ်... ဆရာ ကေသာဦးရဲ့ သဲအင်းဂူ "သေနည်းသင်"ဆိုတော့ ပိုစိတ်ဝင်စားသွားတာ.. သေမလိုဖြစ်တုန်းက စိတ်တွေယောက်ယက်ခတ်ခဲ့တာကိုး.. ဝေဒနာနဲ့ စိတ်ကို ဘယ်မှာ အာရုံပြုရမလဲဆိုတာ သိချင်နေခဲ့တာ.. ခုတော့ သိပြီ.. ကိုယ် ဆက်ပြီး ကျင့်ကြံသွားဖို့ပဲ လိုတော့တယ်. ကျင့်သားမရရင် ယောက်ယက်က ခတ်ဦးမှာပဲ " ဆိုပြီး ရေးသားလာတာပါ။ သက်မွန်နဲ့ ရုပ်ဆင်ရုံသာမကပဲ စိတ်ဓာတ်လေးပါ တူနေတဲ့ သမီးငယ်လေးနဲ့အတူ ပုံလေးတွေကို ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးပါတယ်နော်။ 

သတင်း အရင်းအမြစ်Source - Thet Mon Myint's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T